🍁//Chapter-13//🍁(Final)

731 35 6
                                    

Unicode🍊

အချိန်တချို့ခန့်ကြာသော်......

တစ်နိုင်ငံလုံး လွတ်လပ်ရေးရကြောင်း..ကြေညာတဲ့ သတင်းများဟာလည်း
သတင်းစာတိုင်းအလိုလိုကနေ ဖတ်နေရသလို..အသံချဲ့စက်တိုင်းကလည်း ဆော်ဩလို့နေသည်.....

နယ်မြို့လေး တစ်မြို့က ကောင်လေးတစ်ယောက်ဟာလည်း ဒီနေ့သူ့ရဲ့ပြခန်းနဲ့ပတ်သက်လို့ လာရောက်မေးမြန်းနေတဲ့ သတင်းထောက်တွေကို တစ်စုံတစ်ယောက်ရဲ့ အကြောင်းလေးတွေကို ပြောပြလို့နေသည်.....

"ကျွန်တော်ဖြင့်သူ့ကိုသိပ်သတိရတာပဲ...
တကယ်တော့ ခင်ဗျားတို့ပြောနေသလို ကျွန်တော့်ပန်းချီကားတွေက အသက်ဝင်တာမဟုတ်ပဲ.....မြို့အုပ်မင်းရဲ့ မျက်ဝန်းတွေက အသက်ဝင်နေတာဖြစ်နိုင်ပါတယ်... အချိန် ဘယ်လောက်မှမကြာပဲ သူကျွန်တော့်ကို ချစ်မိခဲ့ပေမဲ့.. သူ့အချစ်က ကျွန်တော့်အပေါ် စစ်လွန်းလှတယ်...အဲ့ဒီ့ မြို့အုပ်မင်းဆိုတဲ့ သူကို ကျွန်တော် သိပ်ချစ်တတ်တာပါပဲ...."

နံရံပေါ်က ပန်းချီကားများကို ငေးမောကြည့်လို့ အသေးကောင်လေးဟာ ပြောနေသည်။

သစ်ပင်ကြီးတစ်ပင်အောက်က ခုံတန်းလေးမှာ ကောင်လေးတစ်ယောက်ကို စနောက်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပန်းချီကားချပ်....

နေကြာပန်းခင်းကြီးမှာ ထိုင်လို့ စီးကရက်သောက်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပန်းချီကားချပ်....

ကော်ဖီခွက်ကို ကိုင်လို့ ပြုံးနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပန်းချီကားချပ်....

ချိုင့်ဝှမ်းရှိရာကို မျက်နှာမူကာ ကျောက်တုံးတစ်တုံးပေါ်ထိုင်လို့ စီးကရက်သောက်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ နောက်ကျောပြင်ကို ရေးဆွဲ ထားတဲ့ ပန်းချီကားချပ်....

သို့လောသို့လော ပန်းချီကားချပ်တွေ အားလုံးဟာ မြို့အုပ်မင်းကို... အသေးကောင်လေးဟာ လွမ်းဆွတ်သတိရတိုင်း ရေးဆွဲဖြစ်ခဲ့သည့် ပန်းချီကားချပ်များဖြစ်သည်....

"တကယ်လို့ သူသာ အသက်ရှိရင် ပြောချင်တဲ့စကားများ ရှိသလားဆိုတော့....အင်း..အရင်ဆုံး...သူ့ကိုအရမ်းချစ်ပြီး... အရမ်းလွမ်းနေခဲ့ရကြောင်းတော့.. ပြောပြလိုက်ချင်တယ်... ကိုယ့်ခံစားချက်ကို ကိုယ်ချစ်တဲ့သူဆီ.. ဖွင့်မပြောရသ၍ကတော့ ရင်ထဲမှာ အရာရာဟာ လေးလံနေလို့လေ...."

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Tahanan ng mga kuwento. Tumuklas ngayon