🍁//Chapter-9//🍁

425 28 10
                                    

Unicode 🍊

''ေဒါက်...ဒေါက်"

ညကြီးချိန်မတော် အိမ်တံခါးလာခေါက်သည်မလို့...Khaotung မှာ တစ်မျိုးတော့ဖြစ်သွားသည်။ အိပ်ရေးဆက်တဲ့ မမဟာ မကြောက် မရွံ့ တံခါးဖွင့်လိုက်တော့ တစ်ကိုယ်လုံး မိုးရေတွေ စိုရွှဲပြီး သွေးတွေပါ ပေကျံနေသည့် မြို့အုပ်မင်း......

နဂိုကတည်းက သွေးမြင်ရင် လန့်တတ်သည့်Khaotungဟာ ထိုနေရာမှာပင် ရပ်မြဲရပ်လို့နေသည်။Min(မင်မ်)ကတော့ မြို့အုပ်မင်းကို ဆွဲခေါ်လို့...သွေးတိတ်အောင် အရင်လုပ်ပေးနေလေသည်......

"ဘယ်လို ဖြစ်ရတာလဲ...မြို့အုပ်မင်းရယ်..လက်မောင်းပေါ်က..ဓားဒဏ်ရာကြီးက နက်လိုက်တာ...."

Min(မင်မ်)က စကားဆို၍မေးလာတော့ မြို့အုပ်မင်းဟာ နာကျင်နေတဲ့ ကြားကပင်....

"ဒီမြို့ကို ကိစ္စရှိလို့လာတဲ့ အရေးပိုင်မင်းလေ...ပြန်တော့မယ်ဆိုတာနဲ့မလို့..ကျုပ်တို့က လိုက်ပို့တုန်း...အနက်ရောင်သူရဲကောင်းတို့အဖွဲ့ အလစ်တိုက်တာ..ခံလိုက်ရတယ်...အရေးပိုင်မင်းက​ေတာ့လေ ..ပွဲချင်းပြီးပဲ...ကျုပ်တောင် အသက်ဘေးက မနည်းလွတ်အောင် ပြေးထွက်လာခဲ့ရတာ...."

အရင်ကဆို ဘယ်သူတွေပဲ လုပ်ကြံလုပ်ကြံ အကောင်းဆုံးပြန်လည် ခုခံနိုင်တဲ့ မြို့အုပ်မင်းက ဒဏ်ရာကြီးကြီးမားမား ရလာတယ်ဆိုတော့ သမာရိုးကျ ဖြစ်စဥ်တစ်ခု..မှဟုတ်ရဲ့လားလို့ ထင်မှတ်ရအောင်ပင်....

"ပြန်မတိုက်ခဲ့ဘူးလား..မြို့အုပ်မင်းရယ်....မြို့အုပ်မင်းရဲ့ ခုံခံနိုင်တဲ့စွမ်းအားက နိမ့်မှမနိမ့်တာပဲ...."

''တစ်စုံ တစ်ယောက်သောသူက မှာထားတယ် အစ်မMin(မင်မ်)ရဲ့.... အနက်ရောင် သူရဲကောင်းကို ပြန်မခုခံရဘူးတဲ့ဗျာ...ဒါကြောင့် ကျုပ်က သူ့ရဲ့ဓားချက်တွေကို ရှောက်ရင်းတိမ်းရင်း ခြေဦးတည့်ရာဆီကို ပြေးလာခဲ့တယ်လို့ပဲ ဆိုလိုက်ပါတော့လေ...."

"မသေကောင်း မပျောက်ကောင်း မြို့အုပ်မင်း ရယ်...စွန့်စားလွန်းပါဘိရှင်...."

"အောင်မလေး...ဖြည်းဖြည်းလေးချုပ်ပါဗျာ...အစိမ်းချုပ်တာဆိုတော့ အသဲခိုက်အောင်နာတာမလို့ပါ"

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now