🍁//Chapter-6//🍁

450 35 6
                                    

Unicode🍊

"ကျုပ်ထိုင်မယ်နော်"

ထိုင်ပြီးခါမှ ခွင့်တောင်းလာတဲ့မြို့အုပ်မင်း
ကြောင့် Khaotung က သူ့ကို ဘာပြောရတော့မလဲ...သူများတွေ အတွက် ရတနာက Khaotung အတွက်တော့ အမှိုက်ထုပ်ကြီးလိုပင်။

"ကျုပ်က အသေးကောင်လေး ဆီလာလည်တာကို...သေချာဧည့်မခံပဲထွက်သွားရတယ်လို့..ဧည့်ဝတ်မကျေလိုက်ပုံများအသေးကောင်လေးရယ်.....ရင်ထဲမှာနေလို့မကောင်းဘူး......"

ရင်ဘတ်ကို အကြိမ်ကြိမ် ပုတ်ပြရင်း
မျက်နှာလေးခပ်မဲ့မဲ့ နှင့် မြို့အုပ်မင်း ဟာ
Khaotung ကိုတမင်စ နေခဲ့သည်။
ဒါဟာ....စိတ်ဆိုးနေတဲ့ ကောင်လေးတစ်ယောက်ကို မြို့အုပ်မင်း သိပ်သိပ်ချစ်လို့။

"ဘာ...ကျွန်တော်က ဘာကိစ္စနဲ့ဧည့်ခံရမှာလဲ....နောက်ပြီး ခင်ဗျားက ကျွန်တော့် ဧည့်သည်လည်း မဟုတ်....
ခင်ဗျားကို ဧည့်သည်လို့မှ သတ်မှတ်မထားတာ ဆိုတော့... ဧည့်ဝတ်ပြုစရာလည်းမလိုဘူးလေ....ပြီးတော့ ဘယ်သူမှမရှိတုန်း ရှင်းရှင်းပြောမယ်...ခင်ဗျားလို အမျိုးယုတ်တွေရဲ့ ကျွန်ကို ကျွန်တော် ကလေ လုံးဝ ကိုအထင်မကြီးတာ....ဘယ်တော့မှလဲ အထင်ကြီးမှာ မဟုတ်ဘူး မြို့အုပ်မင်း...... "

မြို့အုပ်မင်း ရဲ့ ပြောင်ချော်ချော် မျက်နှာလေးမှာ ဇီးရွက်လောက်သာ ကျန်တော့တဲ့အထိ.....ညှိုးငယ်နေခဲ့သည်။
အချစ်ဦးဆိုတာ ကိုယ့်ဘက်က ချစ်ရုံကလွဲလို့ ဘာမှ အထွန့်တတ်ပိုင်ခွင့်မရှိတဲ့ အရာလေး တစ်ခုပဲလား။

"အစားကိုကုန်အောင်စား....စကားကို ကုန်အောင်မပြောနဲ့တဲ့..အသေးကောင်လေးရဲ့...နောက်များ ကျုပ်မှကျုပ် ဖြစ်နေတဲ့အခါ
ကျုပ်က အသေးကောင်လေးကို လှည့်မကြည့်ပဲနေလိုက်မှာနော်ဗျာ...."

နှာခေါင်းကိုရှုံ့ကာ ပွစိပွစိ ပြောနေတဲ့ အသေးကောင်လေးကို မြို့အုပ်မင်း တစ်ချက် ငေးကြည့်လိုက်ရင်း........

"အသေးကောင်လေးမှာ...ချစ်ရသူများ ရှိသလားဟင်"

မြို့အုပ်မင်း မေးတော့ အသေးကောင်လေးက စိတ်မရှည်တဲ့ မျက်နှာထားနှင့် လှည့်ကြည့်လာသည်......
မျက်နှာမြင် ချစ်ခင်၊ အသံကြားသနားဆိုတဲ့
ဆုနဲ့ ပြည့်ခဲ့တဲ့ မြို့အုပ်မင်း ဟာ
အသေးကောင်လေးရဲ့ အမြင်မှာတော့.....အရှုပ်ထုပ် အပြင် မပိုခဲ့ဘူးထင်ရဲ့...
ခံရ ခက်လိုက်လေခြင်း။...

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now