Chapter -15

2.1K 216 32
                                    

​ရှောင်းကျန့်တို့ မနက်စာစားပြီး​တော့ လူကြီးက ချန်နိုင်ငံရဲ့စစ်သူကြီးနဲ့စကားစမြည်​ပြောမယ်ဟုဆိုကာ စစ်​ရေးပြကွင်းဘက်ထွက်သွားသည်။
​ရှောင်းကျန့်က​တော့ လူကြီးလွတ်လွတ်လပ်လပ်​နေလို့ရ​အောင်မလိုက်သွား​တော့ပဲ ချန်နန်း​တော်ရဲ့အပျို​တော်မိန်းက​လေးတစ်​​ယောက်ရဲ့အကူအညီနဲ့ နန်း​တော်ထဲ​လျှောက်ပတ်ကြည့်​လေသည်။

နန်း​တော်ကြီးသည် အို​ဟောင်း​နေပြီဟုထင်ရသည်။ထုပ်တန်း​တွေက တစ်ခုနဲ့တစ်ခုမတူပဲ တစ်ချိူ့တိုင်​တွေကျ​တော့အသစ်ဖြစ်​နေပြီး တစ်ချိူ့တိုင်​​တွေကျ​တော့နှစ်ချို့​နေမှန်းသိသာလှသည်။
အ​ရောင်က​တော့ အစိမ်းပုတ်​ရောင်မှိုင်းမှိုင်းကိုသာ ချန်မင်းသမီးရဲ့​မွေး​နေ့ပွဲအတွက် အ​ရောင်ပြန်ဆိုးထား​လေသည်။

​ရှောင်းကျန့်ကအပျို​တော်လိုက်ပို့သည့်​နေရာ​တွေကိုလှည့်ပတ်ကြည့်ရင်းအပျို​တော်ကို​မေးခွန်းထုတ်လိုက်သည်။

"ချန်နန်းတော်ကနန်းစိုက်ကတည်းကနန်း​တော်ကြီးလား...နှစ်ဘယ်​​လောက်ရှိပြီတုန်း"

အပျို​တော်က​ရှောင်ကျန့်ကိုရိုကျိုးဟန်နှင့်​သေချာစွာရှင််းပြလာသည်။

"နန်းစိုက်ကတည်းကရှိလာတဲ့နန်း​တော်ကြီးပါ
ခန်းမှန်း​ခြေက​တော့နှစ်​ပေါင်း၁၇၀​ကျော်​လောက်ရှိပါပြီ"

​ရှောင်ကျန့်ရဲ့မျက်နှာကအနည်းငယ်​တွေးဆဆဖြစ်သွားသည့်ဟန်​ပေါ်သည်။

"အာ..ကြာပြီပဲ မင်းဘယ်နှဆက်​လောက်ရှိပြီလဲ.."

"​လေးဆက်ပါဧည့်သည့်​​တော်.."

"နန်း​​ဆောင်​တွေကိုအသစ်ပြန်မ​ဆောက်ဘူးလား.."

အပျို​တော်က ထိုအခါမှ​တော့ အသံကိုနှိမ့်ချလာကာ

"ပြန်မ​ဆောက်ဘူးဆိုတာက ဒီနန်း​တော်ကြီးက
ရာဇဝင်​တွေအများကြီးရှိလို့ပါ...ပြီး​တော့ တတိယမင်းဆက်ဖြစ်တဲ့ မင်းကြီးဝမ်ညိုကနန်း​တော်ကြီးကိုအရှိအတိုင်းဆက်လက်ထိန်းသိမ်းဖို့ မှာကြားထားလို့ပါ..."

"မင်းကြီးဝမ်ညို?..."

​ရှောင်းကျန့်က ကြားလိုက်ရတဲ့အမည်နာမ​ကြောင့် မျက်​မှောင်ကြုတ်လိုက်မိသည်။
ဝမ်ညို? ဆို​တော့ ဝမ်မျိုးနွယ်​တွေကလား။
ပြီး​တော့ သူဒိီအမည်နာမကိုဘယ်မှာကြားခဲ့ဖူးလဲမသိ​​ပေမဲ့ ရင်းနှီး​နေ​ချေသည်။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now