Chapter 16

2.4K 191 21
                                    

သူ​ရှေ့ကပုံတူကိုကြည့်​ရင်း​ရှောင်းကျန့်က စကားမစနိုင်။သူ့လူကြီးနဲ့ချွတ်စွတ်တူ​နေတဲ့ပန်းချီကား​ကြောင့် သူ့မှာ မျက်လုံးမလွှဲနိုင်​ပေ။

"ဒါ တကယ် မင်းကြီးဝမ်လား?"

"ဟုတ်ပါတယ် ဧည့်သည်​တော်.."

နာမည်ကို​ကမ္ဗည်း​ရေးထိုးထားတာ​တွေ့​ပေမဲ့ ​သေချာမှုကိုလိုချင်လို့ထပ်​မေး​​တော့အပျို​တော်ဟာ ​သေချာ​​ကြောင်းထပ်​ပြောလာသည်။

ပန်းချီကားရဲ့ညာဘက်​ထောင့်​ရေးဆွဲသူ​နေရာမှာ​တော့ "ကိုယ်​တော့်ရဲ့​ရှောင်း" လို့​ရေးထိုးထား​လေသည်။

"ကိုယ်​တော့်ရဲ့​ရှောင်းတဲ့လား??"

ပန်းချီကား​လေးကိုခပ်ဖွဖွထိ​တွေ့ကြည့်​မိ​တော့
သူ့လက်ဖျား​တွေမှာ ကျင်ခနဲခံစားလိုက်ရသည်။

"​ရှောင်း..!"

​အော်သံကိုကြားလိုက်ရတာ​ကြောင့်လက်ကိုအမြန်ရုတ်လိုက်​မိရင်းလက်ဖျား​တွေကိုဆုပ်ကိုင်ထားလိုက်မိသည်။
ဝဲဘက်ရင်ကိုဆွဲယမ်းသွားသလိုခံစားလိုက်ရပြန်တဲ့ခံစားချက်ကြီးက ကြီးစိုးဝင်​ရောက်လာ​တော့ ​ရှောင်းကျန့် ရင်ဘက်ကအင်္ကျီစကိုဆုပ်ကိုင်လိုက်မိသည်။

မလုံခြုံ ၊မ​နွေး​ထွေး​တော့သလို ခံစားလာရတာ​ကြောင့် သူလူကြီးရဲ့မျက်နှာကိုသာအမြန်မြင်ချင်လာသည်။

"ပန်းချီခန်းထဲကပြန်ထွက်ရ​အောင်.."

"​ကောင်းပါပြီ..."

အပျို​တော်ဟာသူ့ကိုပြန်လမ်းပြ​ပေး​လေသည်။
သူတို့​ရောက်​နေတဲ့နံရံနှစ်ခုကြားထဲကလမ်းကထွက်ပြီး​တော့ပန်းချီခန်းထဲကထွက်ဖို့ပြင်လိုက်ချိန်မှာ အပြင်မှာ​​ရောက်​နေတဲ့ချန်မင်ကြီးကို​တွေ့လိုက်ရသည်။

ချန်မင်းကြီးသည် အပျို​တော်​တွေ၊အထိန်း​တော်​တွေများစွာခြံရံထားပြီး ပန်းချီခန်းထဲက ပန်းချီကား​တွေကို ကြည့်ရှု​နေ​လေသည်။
လက်ကို​နောက်ပစ်ထားပြီး ​ဖြောင့်​နေ​အောင်ရပ်ထားတဲ့ခန္တာကိုယ်အ​နေအထားက ရှိရင်းစွဲထက်ပို၍အရွယ်တင်သည်ဟု​ကောက်ချက်ချလိုက်သည်။
ချန်မင်းကြီးရဲ့ သက်​တော်ဟာ ၆၂နှစ်ရှိပြီဖြစ်​ကြောင်း ​ရှောင်းကျန့်ကသိထား​လေသည်။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now