အပိုင်း - ၁

1.7K 122 3
                                    

Unicode

ရီဝေသည် ညဉ့်နက်သည်အထိ သူ့အခန်းထဲသို့ မ၀င်လာခဲ့ပေ။ ရေချိုးပြီးလို့ ရေချိုးခန်းထဲက ထွက်လာပြီး ကုတင်ပေါ်မှာ အိပ်ကာ စောင်ခြုံပြီး ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။

ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ချင်သော်လည်း မအိပ်ရဲ။ ထိုအေးစက်သောညမှာ သူသေသွားတာမလား။ သူကဘာလို့ အသက်ရှင်နေသေးတာလဲ။ သူဘာလို့ဒီကိုပြန်‌ ရောက်လာတာလဲ။ အချိန်က နောက်ပြန်သွားတာလား။ ဒါမှမဟုတ် သူကတကယ်ပဲပြန်မွေးဖွားလာတာလား။

ရီဝေသည် သူ့လက်ကို ဗိုက်ပေါ်တင်ကာ ဝမ်းဗိုက်အောက်ပိုင်းက တင်းမာမှုနှင့်ပြားချပ်နေသောသူ့၀မ်းဗိုက်ကိုသာ  ခံစားရပြီး သူ့လက်များမှာ တုန်ရီလာခဲ့သည်။ သူအလွန်မောပန်းနွမ်းနယ်ခြင်းအပြင်၊ သူ့ခန္ဓာကိုယ်မှာ အခြားမူမမှန်မှုများမရှိသော်လည်း သူစိတ်မသက်မသာခံစားနေရဆဲဖြစ်သည်။

ယီဝေ တွေးဖို့ ကြိုးစားပေမယ့် လည်း လက်ရှိသူရောက်နေတဲ့နေရာက အစစ်အမှန်လား ၊ အိမ်မက်လား ဒါမှမဟုတ် သူကမသေဘဲနဲ့ အသက်ရှင်နေတာလားဆိုတာ မခွဲခြားတတ်တော့ပေ။ အရင်က သူ စာအုပ်ထဲမှာဖတ်ဘူးတဲ့အိမ်မက်ထဲက ကမ္ဘာများလား။

ရီဝေသည် တွေးမရလောက်အောင်ပင် မောပန်းနွမ်းနယ်နေသဖြင့် တစ်ညတာလုံး မှိန်းခနဲ အိပ်မောကျကာ ညသန်းခေါင်တွင် အိပ်ပျော်သွားခဲ့သည်။

……………………………………………………

နောက်နေ့ သူနိုးလာသောအခါ ယီဝေသည် ဆတ်ခနဲ ထထိုင်လိုက်သည်။ အခန်းထဲကို လှည့်ပတ်ကြည့်ပြီးသော် ကုတင်ခေါင်းရင်းပေါ်တွင် ဖြည်းညှင်းစွာထိုင်ကာ  ပြင်းပြင်းထန်ထန် တွေးနေတော့၏။

မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်နဲ့ လက်ရှိ အခြေအနေကို သုံးသပ်ကြည့်ရင် သူတကယ် ပြန်လည်မွေးဖွားလာတာဖြစ်နိုင်တယ်။ ဖြစ်ပျက်ခဲ့သမျှကို အိပ်မက်ဖြစ်ပါစေဟု သူမျှော်လင့်ထားသော်လည်း နာကျင်မှုနှင့် ဝမ်းနည်းမှုတို့သည် သူ့နှလုံးသားထဲတွင် တကယ်အစစ်အမှန်ရှိနေသကဲ့သို့ စိတ်ထဲမှာမှာစွဲနေခဲ့တယ်။

အဆင့်အတန်းမြင့်သောလူချမ်းသာကြီးရဲ့ဆက်ခံသူကိုမွေးဖွားပီးနောက်(ဘာသာပြန်)Where stories live. Discover now