အပိုင်း -၂

791 114 9
                                    

Unicode

ကျောင်းကျန်က ယီအိမ်တော်ကို‌ပြန်ရောက်တော့ ယီဝေ ကို လက်ပ်တော့ ကမ်းပေးလိုက်ပီး " သား ဒီမှာကြည့်လိုက်အုံး ဒါက ကုမ္ပဏီက ပွဲကျင်းပတဲ့ အစီအစဉ်ပဲ ၊ စီစဉ်ထားပေးတာတေကိုကြိုက်ရဲ့လား ၊ သား မကြိုက်ရင်
အမေ့ကိုပြော အမေ ပြန်ပြင်ဖို့ပြောလိုက်မယ်
ပီးတော့ ဟိုတယ်က စီစဉ်ပေးတဲ့ ကိတ် နဲ့ ဟင်းပွဲ တေကို ကြည့်လိုက်အုံးလေ "

ယီဝေက လက်ပ်တော့ကို ပေါ့ပေါ့ပါးပါး နှိပ်လိုက်ပီး ကျောင်းကျန်ကို ပြန်ပေးလိုက်၏။
" ဒါလည်းကောင်း နေပါပီ "

"သခင်လေး ပြန်လာပါပီ " ကျောင်းကျန်ရဲ့ အနောက်မှာ ရပ်နေတဲ့ ရှုမာ ကပြောလိုက်တယ်။

ကျောင်းကျန်က လှည့်ကြည့်လိုက်ပီး
" ဒီနေ့ က ဘာလို့ စောစောပြန်လာတာလဲ "

" အ၀တ်အစားတေနဲ့ စာရွက်စာတမ်းတေပြန်လာယူတာ ခနနေ ပြန်သွားရမှာ " ယီဘို ကပြောလိုက်တယ်။

" ဒါဆိုလည်းမြန်မြန်လုပ်လေ " ကျောင်းကျန်က စကားခဏရပ်လိုက်ပီး ရုတ်တရက် " ဒါနဲ့
မင်း စောင့်အုံး ယီဝေ ရဲ့ မွေးနေ့ ကျင်းပဖို့ရက် သတ်မှတ်လိုက်ပီ ၊ နောက် ၁၀ ရက်နေရင် ကျင်းပမှာ မင်း လက်ဆောင် ပြင်ဆင်ထားဖို့ မမေ့နဲ့အုံး ၊ ကြားလား "

" .....သိပီ " ယီဘိုက ယီဝေ ကိုကြည့်လိုက်ပီးနောက် သူ့အမေ ကိုပြောလိုက်တယ် " ပင်လယ်စာ မပါ စေနဲ့နော် "

" အေးပါ အမေ သိပါတယ် ၊ မင်းသတိပေးစရာ မလိုပါဘူး ၊ သွား...အလုပ်သွားတော့ "
ကျောင်းကျန်က ပြောလိုက်၏။

ယီဘို ကခေါင်းငြိမ့် လိုက်ပီး အပေါ်ထပ်ကိုတက်သွားလိုက်တယ်

" မင်းရဲ့ မွေးနေ့ အတွက် စီစဉ်လို့ပီးပီ " ကျောင်းကျန်က ပြုံးလိုက်ပီး " မင်းအဖေ နဲ့ ငါက မိတ်ဆွေ တေ အများကြီးကိုဖိတ်ထားတယ်၊ အမေ တို့အတွက် အဲ့အချိန်ရောက်ရင် ပျော်စရာ အချိန်တေ ရောက်လာတော့မယ် နော် "

ယီဝေ ကခေါင်းငြိမ့်ပီး မတ်တပ် ထရပ်လိုက်တယ် " ကျွန်တော့် အခန်းထဲ သွားပီးအနားယူချင်ပီ၊ မနေ့က ကောင်းကောင်းအိပ်လို့မရလို့ "

အဆင့်အတန်းမြင့်သောလူချမ်းသာကြီးရဲ့ဆက်ခံသူကိုမွေးဖွားပီးနောက်(ဘာသာပြန်)Where stories live. Discover now