အပိုင်း - ၇

442 89 6
                                    

Unicode

သန်မာတဲ့ ယောကျ်ားကြီး တ ယောက်ကယီဝေရဲ့ ပါးစပ်ကို ပိတ်ကာ ကားထဲကိုအတင်းတွန်းပို့ ပီး " ငါတို့သူဌေးကမင်းကိုတွေ့ချင်နေတာ ..ငါတို့ဘာမှမလုပ်ဘူး..တကယ်လို့မင်းမပူးပေါင်းရင် ငါတို့မင်းကို အတင်းခေါ်ရလိမ့်မယ်"

ယီဝေ သည်သူ့ကိုယ်သူအတတ်နိုင်ဆုံး တည်ငြိမ်အောင်ကြိုးစားပီး ရုန်းနေတာကိုရပ်ပီး ခေါင်းညိမ့်ပြလိုက်ရာ ထိုလူသည် ပါးစပ် အုပ်ထားသောလက်ကိုလွှတ်လိုက်သည်။

" မင်းတို့သူဌေးကဘယ်သူလဲ" ယီဝေ သည်အလွန်စိုးရိမ်နေသည်။ဒီလူတေရဲ့ ရည်ရွယ် ချက်ကသူ့ကိုထိခိုက်စေမည်လားဆိုတာသူမသိပေ။ ယခုသူသည် ခန္ဓာကိုယ် အားနည်းနေပီး အကြမ်းဖက်မှုနည်းနည်းမျှတောင်ခံနိုင်ရည်မရှိပေ။

" မင်းရောက်တဲ့အခါသိလိမ့်မယ်....မင်းငြိမ်နေသ၍ငါတို့မင်းကိုဘာမှမလုပ်ဘူး"ထိုလူကပြောပီး ယီဝေရဲ့ ဖုန်းကိုယူလိုက်၏။

" မင်းတို့ငါ့ကိုဘယ်ကိုခေါ်သွားတာလဲ" ယီဝေ ကထပ်မေးလိုက်တယ်။

သူ့မေးခွန်းကိုဘယ်သူ့မှပြန်မဖြေပါဘူး၊ ကားသည်အရှေ့သို့ လျင်မြန်စွာ သွားနေ၏။ယီဝေ သည်သူ့လက်ထဲက စက္ကူအိတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပီး စိတ်တည်ငြိမ်အောင်ကြိုးစားသည်။ဘယ်သူကသူ့ကို ဤနည်းဖြင့်ခေါ်ဆောင်သွားပါစေ၊ အခြားသောသူကဘယ်သူဘဲဖြစ်နေဖြစ်နေ သူကတော့ သတိနိုးကြားနေရန်လိုသည်။အကယ်လို့ သူသတိမေ့မြောနေပါက ထိုလူများက သူ့ကိုဘာလုပ်မည်ကိုမသိပေ။

ဇိမ်ခံဟိုတယ် ၏ တံခါးအပြင်ဘက်တွင် ကားသည်ရပ်သွားကာ ယီဝေ ၏ ဘေးနှစ်ဘက်စလုံးမှ လူများက သူ့ကိုခန်းမထဲသို့ ခေါ်သွားကြသည်။

ယီဝေသည်သူ့လက်ထဲတွင်ချွေးများထွက်ကာ သူတွေ့ရမည့်လူက သူ့ကို နာကျင်စေမည့်ခံစားချက်ကို ဆိုးဆိုးရွားရွားခံစားနေရသောကြောင့်ဖြစ်သည်။

ယီဝေ သည်ဓာတ်လှေကားထဲသို့မဝင်မှီ လွတ်မြောက်နိုင်ချေရှိမရှိကိုသိရန် အနီးအနားရှိအခြေအနေများကို လျိူ့ဝှက်စွာစူးစမ်းနေ၏။သို့သော် အလျင်အမြန်လေ့လာပီးနောက်ပြေးရန် သို့မဟုတ် လွတ်မြောက်ရန် တစ်စုံတစ်ဦးအား အကူအညီတောင်းရန် ဖြစ်နိုင်ချေမှာ သုညနီးပါးဖြစ်သည်၊သူ့ဘေးနားတွင် သန်မာသောအမျိုးသားငါးဦးရှိပီး၎င်းတို့သည် ပရော်ဖက်ရှင်နယ် သက်တော်စောင့်များဖြစ်ကြောင်းတွေ့နိုင်သည်။ သူသာအော်လိုက်ပါက ချက်ချင်းပဲ သတိလစ်မေ့မြောနိုင်သည်။

အဆင့်အတန်းမြင့်သောလူချမ်းသာကြီးရဲ့ဆက်ခံသူကိုမွေးဖွားပီးနောက်(ဘာသာပြန်)Where stories live. Discover now