အပိုင်း - ၆

537 87 7
                                    

Unicode

ကားပေါ်မှ ဆင်းကာယီဝေ သည်သူ၏ခရီးဆောင်အိတ်ကိုဆွဲကာ တိတ်ဆိတ်သော ဗီလာ၏ အပြင်ဘက်တွင်ရပ်လိုက်သည်။ ဤနေရာသည်သူဆယ်နှစ်နီးပါး ‌နေထိုင်ခဲ့ရာ ပျော်ရွှင် စရာမှတ်ဉာဏ် များသိမ်းဆည်းထားသည့်နေရာဖြစ်သည်။

ယီဝေ သည် ဘေးသို့‌လျှောက်သွားရာ နံရံတွင်လက်ဗွေရာ စကင်နာ ပါရှိသောသစ်သားသေတ္တာကိုဖွင့်ပီး သူ့လက်ချောင်းကိုဖိလိုက်ကာ သံတံခါးကြီးသည် အလိုအလျောက်ပွင့်သွားသည်။

ယီဝေ သည်သူ့လက်ဆွဲအိတ်ကို ဆွဲကာ အထဲသို့ဝင်လိုက်သည်။ သက်လတ်ပိုင်းအမျိုးသမီးသည် ယီဝေ ကိုမြင်ပီး အိမ်ထဲမှ သူ့ဆီသို့ ပြေးသွားလိုက်၏။

" ယီဝေ!" ယီဝေ ကိုမြင်တော့ အန်နာ က ဝမ်းသာအားရငို၏။

"အန်နာ"ယီဝေလည်း အနည်းငယ်စိတ်လှုပ်ရှားသွားပီး အန်နာ ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက် နှုတ်ဆက်လိုက်သည်။

ယီဝေ ဒီအိမ်ကိုရောက်ကတည်းက သူ့ကို ပြုစုကျွေးမွေးစောင့်ရှောက်ခဲ့သည်။ ဒီနှစ်တေ တလျှောက်လုံး အန်နာကိုအလွန် လွမ်းနေခဲ့သည်။ ဒီအိမ် ကထွက်သွားပီးနောက် သူ့မိဘရင်းတေက သူ့ကို ပြန်မသွားခိုင်းတော့ပေ သူတို့၏ သဘောအတိုင်း အမှန်တကယ်ပင်ပြန်မလာတော့ပေ။ယီဝေသည် အန်နာ ကိုတင်းတင်းကြပ်ကြပ် ဖက်ကာ ငိုချင်လာပီး သူ့ရင်ထဲမှာ အပြစ်ရှိသလို ခံစားခဲ့ရသည်။

ယီဝေရဲ့ ခရီးဆောင်အိတ် ကို အန်နာ၏ နောက်မှ အကူက ယူသွားပေးသည်၊ အန်နာက ယီဝေ လက်ကို ကိုင်ကာ အိမ်ထဲသို့ အလျင်အမြန် ဝင်ပီး" ငါ့နောက်လိုက်ခဲ့"

ယီဝေ သည် သူမ ကဘာကိုစိုးရိမ်နေမှန်းမသိပေ။

အခန်းထဲရောက်တော့ ဝှီးချဲ နဲ့ လူတယောက် သူ့ကိုကျောပေးထားတာကို တွေ့တော့ ယီဝေ အံ့အားသင့်စွာ ရပ်တန့်သွားမိသည်။

" မဒမ်...." အန်နာ ကခေါ်လိုက်တယ်။

ဝှီးချဲ ကဖြေးညင်းစွာ လှည့်လာတယ်။ ဝှီးချဲ ပေါ်မှာထိုင်နေတဲ့ အမျိုးသမီးက အသက်နည်းနည်း ကြီးပေမယ့် လှပနေတုန်းပဲ၊ သူမ ယီဝေ ကိုခဏလောက်စိုက်ကြည့်လိုက်ပီး " ယီဝေလား..."

အဆင့်အတန်းမြင့်သောလူချမ်းသာကြီးရဲ့ဆက်ခံသူကိုမွေးဖွားပီးနောက်(ဘာသာပြန်)Where stories live. Discover now