အပိုင်း - ၃

553 103 3
                                    

Unicode

နောက်ရက်မှာ ယီဝေ သည် များသောအားဖြင့် ကျောင်းတက်ကာ အထူးကြပ်မတ် တဲ့ ကျူရှင်မှာ တက်ပီး ကု မိသားစု ပိုင် ကျောင်းသို့ တက်ခဲ့သည်။

ကု မိသားစု‌ ကျောင်းက နှစ်ပေါင်းများစွာသမိုင်း၀င် ကျော်ကြား သော ကျောင်းတ ကျောင်းဖြစ်တယ်။ မည်သူမဆို ကု မိသားစု နဲ့ ရင်းနှီးအောင်ကြိုးစား ကြပီး သူတို့ရဲ့ ကလေးများကို ကုမိသားစုပိုင် ကျောင်းသို့ ပို့‌ ဆောင်ကြတယ်။ဒါပေမဲ့ ကု မိသားစုပိုင် ကျောင်း တက်တာက သာမာန်ကျောင်းလိုမဟုတ်‌ပေ။ ကျောင်းက သဘာ၀ အတိုင်း ကုမိသားစု ရဲ့ကျောင်းမှာ စာသင်တာက ပိုပီး သာလွန်ကောင်းမွန်မှုရှိတယ်။ သူတို့ကို ကု မိသားစုပိုင် ကျောင်း နဲ့ ကုမိသားစုပိုင် ပညာရေး အဖွဲ့အစည်း တေက ရင်းနှီး မြုပ်နှံ မှု နဲ့ မြေတောင် မြှောက်ပေးဖို့ ရွေးချယ်ကြတယ်။

နောက်ခံကောင်းသူများ သို့မဟုတ် သာမန်ကျောင်းသားများသည် ကု မိသားစု ကျောင်းထဲသို့ ဝင်ရောက်နိုင်ပီး အထက်တန်းစား ကျောင်းသို့ တင်ရောက်နိုင်ရာ ချမ်းသာသောမိသားစုတွင် မွေးဖွားသူများနှင့် အကောင်းဆုံးပညာရေးဆိုင်ရာ အရင်းအမြစ်များ ပြတ်တောက်မှုမရှိသော အထက်တန်းစားများအတွက် ကု မိသားစုကျောင်းသည် အရေးကြီးဆုံးအရာဖြစ်သည်။

ယီဝေ သည် သူ့ရဲ့ကောင်းမွန်သော အမှတ်များကြောင့် ကုမိသားစု ပိုင်ကျောင်းသို့ တက်နိုင်ခဲ့သည်။အရင်က ယီဝေ သည် ယီဟုန် နဲ့ ကျောင်းကျန် တို့ရဲ့ စကားကိုကြားခဲ့ရတယ်။ ယီဝေ ကို ကု မိသားစု မှာ ပညာသင်ဖို့ ထား တာက ကုဟန် နဲ့ ယီရွမ်း ကို အရှက်ရ စေတယ်လို့ သူတို့ ခံစား ရတယ်။ဒါ့ကြောင့်ပဲ သူတို့က ကုဟန် နဲ့ယီရွမ်း တို့ကို စေ့စပ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ ပီးတော့ ယီဝေ ကို ကုမိသားစုပိုင် ကျောင်းမှာ မထားတော့ဖို့ လုပ်ကြတယ်။

ကုမိသားစု မှာရှိတဲ့ ကုဟန် နဲ့ ယီရွမ်း တို့ကို
လက်တုံ့ပြန်ရန် အတွက် ယီဝေသည် ကုမိသားစု၏လက်ရှိ ဥက္ကဌ ကုယန်ရှန်းကို သွားတွေ့ပီး သူနဲ့ စာချုပ်ချုပ်ဆိုခဲ့ တယ်။

ကုယန်ရှန်း အကြောင်းတွေးရင်း ယီဝေ မသိစိတ်က သူ့လက်ကိုဗိုက်ပေါ် တင်လိုက်မိသည်။

အဆင့်အတန်းမြင့်သောလူချမ်းသာကြီးရဲ့ဆက်ခံသူကိုမွေးဖွားပီးနောက်(ဘာသာပြန်)Where stories live. Discover now