အပိုင်း - ၄

531 110 5
                                    

Unicode

နေ့လည်ရောက်တော့ လူတိုင်းရဲ့ ရမှတ်စာရင်းတေ ထွက်လာ ဖို့ရန် ကျောင်းသားတေအကုန်လုံးက ခန်းမကျယ်ကြီးဆီ မှာ စုဝေးနေကြသည်။ ဒီနေ့ကအရေးကြီးတဲ့ နေ့ဖြစ်ပီး အဖွဲ့နှစ်ဖွဲ့ ဖြစ်တဲ့ ကုဟန်နဲ့ ကုချန်တို့အဖွဲ့ ကတော့ စိတ်လှုပ်ရှားနေကြသည်။

ကုဟန် နဲ့ ကုချန် တို့က ညီလာခံ ခန်းမရဲ့ ထိုင်ခုံ တဖက် စီ မှာ ထိုင်နေကြတယ်။ကုချန်က ကုဟန်ဘက်က ဝမ်းကွဲ တယောက်ရဲ့ သားဖြစ်တယ်။ ကုဟန်က အမွေဆက်ခံ မှုထဲမှာ ဒုတိယ ဖြစ်နိုင်ချေအရှိ ဆုံး ထဲမှာပါဝင်တာဖြစ်တယ်။ သူတို့နှစ်ယောက်ရဲ့ ယှဥ်ပြိုင်မှုက မရိုးရှင်းပေ အဖွဲ့ နှစ်ဖွဲ့က သူတို့ရဲ့ ထောက်ခံမှုတေကိုရရန် အတွက် တိုက်ပွဲဝင်ရတယ်။တိုက်ခိုက်မှုကအမြဲတမ်းပြင်းထန်၏။ကမ္ဘာပေါ်က အနက်ရှိုင်းဆုံး အသူရာ ချောက် ကဘယ်လောက်ထိ နက်လဲဆိုတာ မင်းကတော့ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

ကုချန်က ကုဟန်ကို အပြုံးနဲ့ကြည့်လိုက်ပီး " ကုဟန် မင်း မျက်နှာမကောင်းပါလား မင်းစိုးရိမ်နေတာတော့ မဟုတ်ဘူး မလား "

ကုဟန်က ပြုံးလိုက်ပီး " တတိယ အကိုကနောက်နေပြန်ပါပီ ကျွန်တော့်မှာ အနိုင်ရနိုင်မယ့် လက်မှတ်က ရှိပီးသားရယ်..ဘာကိုစိုးရိမ်ရမှာလဲ ကျွန်တော်တောင်ပျင်းလို့ ပျမ်းမျှအမှတ် ရအောင် တတိယ အကို ကို ကူညီရမလားလို့ ...နွေရာသီပိတ်ရက်အတွက် တတိယအကိုက ဘယ်လိုစီစဥ်ထားလဲ...."

" ငါက အမြဲတမ်း ခြေတလှမ်းလှမ်းတိုင်း ဆယ်လှမ်းလောက် ကြိုမြင်တယ်လေ ၊ ငါအစောကြီးထဲက စီစဥ်မှုတေ ကြိုလုပ်ခဲ့တာ ....ဒါပေမဲ့ မင်းကတော့ ယုံကြည်မှုရှိနေပါ့လား..မင်း...အနာဂတ်အတွက်တော့ မပြင်ဆင်ထားဘူးမလား"

" စိုးရိမ်ပေးဖို့ မလိုပါဘူး" ကုဟန်က ပြုံးလိုက်တယ်။

ညီလာခံ ခန်းမထဲမှာတော့ ကုဟန် နဲ့ ကုချန်မှတပါး အခြားသူများက တော့ တိတ်ဆိတ်နေကြတယ်။

ကုဟန်က သူ့ခေါင်းကိုဖြည်းညင်းစွာ လှည့်လိုက်ပီး ယီဝေထိုင်နေကျ ထိုင်ခုံ လွတ်ကိုကြည့်လိုက်တယ်။ သူတော်တော်စိုးရိမ်နေပီ၊ နေ့လည်ဘက်နားချိန်မှာ ယီဝေ ကိုသူသွားရှာပေမဲ့ ရှာမတွေ့ခဲ့ဘူး။ဖုန်းခေါ်လို့လည်းမရ ၊ ဖုန်းလည်း‌မဖြေ၊ခုလည်းမပေါ်လာဘူး....ယီဝေ ဘာ ဖြစ်နေလဲ သူမသိတော့ဘူး။

အဆင့်အတန်းမြင့်သောလူချမ်းသာကြီးရဲ့ဆက်ခံသူကိုမွေးဖွားပီးနောက်(ဘာသာပြန်)Where stories live. Discover now