Chapter-17

1.9K 163 28
                                    


​ရှောင်းကျန့်​ပြောပြတဲ့အ​ကြောင်းအရာပြီး​ဆုံးပြီးတဲ့​နောက်မှာလူကြီးနဲ့သူ့ကြားမှာတိတ်ဆိတ်သွားသည်။

လူကြီးကသူ့ကို​ပေါင်​ပေါ်တင်ကာ​ပွေ့ထားရင်းသူ့လက်​လေးကိုသာပွတ်သပ်​နေသည်။စိတ်ထဲမှာဘာ​တွေခံစားရ​နေသလဲမ​ပြောကြသလို တစ်​ယောက်နဲ့တစ်​ယာက်ဘာစကားတစ်ခွန်းမှပင်မစမိ။

ကြာ​တော့ လူကြီးရဲ့မျက်​တောင်စိတ်စိတ်​တွေကို​ငေးရင်း​ရှောင်းကျန့်ကတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"ချန်မင်းသမိီးအတွက်​မွေး​နေ့​လက်​ဆောင်က ခမည်း​တော်ထည့်​ပေးလိုက်တာမလား?"

"အင်း ​ကျောက်စိမ်း​ကောင်း​နဲ့လုပ်ထားတဲ့ စားပွဲတင်မြင်းရုပ်"

"​အော်..."

တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။
လူကြီးကသူ့ကိုတိတ်တဆိတ်​ငေးလာရင်း သူ့မျက်ဝန်း​တွေထဲစိုက်ကြည့်လာကာ

"​ရှောင်း.."

"ဟုတ်..."

"ကိုယ့်ကိုအိမ်​ထောင်ဘက်အဖြစ် ​တွေးကြည့်ဖူးလား?..အရှင်ကအမိန့်ချလိုက်​တော့​ရှောင်းစိတ်ထဲဘယ်လို​နေလဲ.."

​ရှောင်းကဘာမှမ​ပြောပဲသူ့ကိုသာပြန်​​ငေး​နေသည်။

"ကိုယ်ကအမှန်အတိုင်း​ပြောရင် ​ပျော်သွားတယ်​ပေါ့​နော်.အဟမ်း"

​ချောင်းအသာဟန့်ပြီးမျက်နှာနီလာတဲ့လူကြီးကသူ့ဆံနွယ်​တွေရဲ့လားရာတစ်​လျှောက်ကိုလိုက်ကြည့်ပြီးခပ်ဖွဖွပြုံးသည်။

"ဒါ​ပေမဲ့ ကိုယ့်စိတ်ထဲမှာအ​တွေးတစ်ခုလဲဝင်လာပြန်တယ်...​ရှောင်းများကိုယ်နဲ့ထိမ်းမြှားဖို့ကိုကန့်ကွက်မလား? ​ရှောင်းသ​ဘောတူပါ့မလား?
အစုံပဲ.."

"ကျွန်​တော်ကလူကြီးကိုဘာလို့ငြင်းရမှာလဲ.."

လူကြီးကခပ်ပြုံးပြုံးလုပ်ရင်း သူ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာ က​လေး​ပေါက်စ​လေး​တွေကို​ချော့မြူသလိုစလာသည်။

"တကယ်မငြင်းဘူး​ပေါ့...တကယ်လား
ဘာလို့လဲက​လေး​လေးက.လူကြီးကို​ကြောက်ဘူးလား...ဟမ်.ဟမ် ​ပြောပါဦး.."

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now