Chapter 11

949 87 49
                                    


သင်ကြားပေးစရာ မလိုအပ်ဘဲ လူတွေရဲ့ အကျွမ်းကျင်ဆုံးသော အလုပ်တစ်ခုက တစ်ပါးသူအား သုံးသပ်အကဲဖြတ်ရခြင်း ဖြစ်လောက်သည်။ တစ်ဖက်သားအား နာမည်ကင်ပွန်းအမျိုးမျိုး တပ်ပေးရသည်ကို လူတွေ ဝါသနာထုံသည်။ သူ ၁၀ နှစ်သားအရွယ်မှာ တော်တော်များများက ပြောကြသည်။ အပူအပင်မရှိဘဲ ပျော်ပျော်ရွှင်ရွှင်နှင့် ရွှတ်နောက်နောက်နေတတ်သည့်မို့ "ငရှုပ်လေး" ဟု ချစ်စနိုးဖြင့် ခေါ်ကြသည်။ မိဘတွေ ဆုံးပါးသွားသည့် အသက် ၁၂ နှစ်သား အရွယ်မှာကျ "သနားစရာ လူလေး" ဟု စုပ်သပ်ကြသည်။ ဆယ်ကျော်သက်အရွယ်ဖြစ်သည့် ၁၈ နှစ် အရွယ်တွင်ကျ တော်တော်များများက "ကင်မ်" ဟူ၍ ဆိုစမှတ်ပြုလာ၏။ ဆယ်ကျော်သက်ဆိုသည့် အရွယ်တစ်ခုကို ကျော်လွန်၍ စီးပွါးရေးလောကထဲသို့ ခြေချလာသည့်အခါကျ "သွေးအေးကာ ရက်စက်တတ်သည့် ကျားတစ်ကောင်" အဖြစ် သတ်မှတ်ကြပြန်သည်။

အခုကျတော့ရော..?
မိမိရဲ့ ကိုယ်ပိုင်အတွင်းရေးမှူးလေးနှင့် လျှို့ဝှက်အချစ်ဇာတ်လမ်းတွေရှိနေသည့် ဒီပုပ်ထဲက ဒီပဲ CEO တစ်ယောက်အဖြစ် တစ်ချို့တွေက ထောက်ပြကြပြန်၏။

မည်သူတွေက မည်သို့ပင် မှတ်ချက်ပေးစေကာမူ ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ထယ်ယောင်း လုံးဝ စိတ်မဝင်စားပါ။ လူမှန်းသိတတ်စ အရွယ်တည်းက ခေါ်ဝေါ်လာခဲ့ကြသော ထိုနာမည်မျိုးစုံက ထယ်ယောင်းအတွက်တော့ ဘာမှ မထူးဆန်းတော့။ သို့သော် သူ့အား တိုက်ရိုက် လာရိုက်ခတ်သည့် လှိုင်းတံပိုးအရှိန်က အတွင်းရေးမှူး ကင်မ်ဆော့ဂျင်အပေါ်၌လည်း သွားပြီး သက်ရောက်မှုရှိမည်ကိုတော့ ထယ်ယောင်း အများကြီး စဉ်းစားမိ၏။ နှစ်ဦးသဘောတူထားသည့် ကိစ္စဖြစ်သည့်တိုင်အောင် အတွင်းရေးမှူး ကင်မ်ဆော့ဂျင်သည် ရိုးစင်းပြီး အပြစ်ကင်းစင်သည့်သူတစ်ဦးသာ ဖြစ်သည်။

"မင်း သေချာစဉ်းစားသင့်တယ်နော် ထယ်ယောင်း"

ဟိုဆော့သည် ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့သောက်ပြီးနောက် အကြံပေးလာ၏။ ဟိုဆော့သည် အသောက်လိုင်းဖက်သို့ အားသန်သည့်သူ မဟုတ်။ ဝိုင်သောက်လျှင်တောင် ညစာနှင့် တွဲဖက်ပြီး တစ်ခွက်ကို တစိမ့်စိမ့်ဖြင့် အချိန်ဆွဲ သောက်တတ်သည့်သူ ဖြစ်သည်။ အခုတော့ နှစ်ခွက်ဆက်တိုက် သောက်ထားသော ဟိုဆော့သည် အတော်လေး စိတ်အိုက်နေပုံရသည်။

How To Tame A BEASTWhere stories live. Discover now