Chapter 6

600 85 25
                                    


"ဝင်-ဝင်လာခဲ့လို့ ရပါတယ်ခင်ဗျ"

ပါးစပ်က ပြောလည်း ပြောရင်း ဆိုဖာပေါ်တွင် ကြုံသလို ပစ်တင်ထားသည့် အဝတ်အစားတွေ၊ စောင်တွေ၊ အရုပ်တွေ၊ မုန့်ထုပ်တွေအား ဆော့ဂျင်တစ်ယောက် ကမန်းကတမ်းဖြင့် အကုန်သိမ်းကြုံး ကောက်ပွေ့လိုက်ကာ ထိုအရေးကြီးပုဂ္ဂိုလ်အတွက် နေရာပေးလိုက်သည်။

တစ်ကိုယ်ရည် တစ်ကာယ တစ်ယောက်တည်းသမားမို့ အိမ်ကတော့ အမြဲတစေ မွစာကြဲနေတတ်သော်လည်း ဗြဟ္မာဦးခေါင်းကြီး ရောက်ချလာတဲ့ ဒီနေ့ကျမှ ပိုပြီး ရှုပ်ပွနေသလို ဆော့ဂျင် ခံစားရသည်။ ထိုသူအား ဘယ်မှာ နေရာပေးလို့ ပေးရမှန်းမသိ။ ထို့​ကြောင့် အမြန်ဆုံး အိမ်ရှင်းသည့် နည်းလမ်းဖြင့် ဧည့်ခန်းထဲမှ အရှုပ်အပွများအားလုံးကို အိပ်ခန်းထဲသို့သာ အကုန်ထိုးသိပ် ပစ်ထည့်လိုက်တော့သည်။

"ဒီမှာ ထိုင်ပါခင်ဗျ"

ယခုထက်ထိတိုင် မထိုင်သေးဘဲ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှစ်ဖက်ကို ထိုးထည့်ကာ သူ့ရဲ့ ၂၀ x ၃၀ ပေ ပတ်လည် တိုက်ခန်းလေးအား ပလိပ်စစ်,စစ်သလို သေချာ စူးစိုက်ကြည့်နေသည့် ထိုသူကြောင့် ဆော့ဂျင် နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ ကြည့်ရတာ သူ့ရဲ့ တစ်ခုတည်းသော ခပ်နွမ်းနွမ်း နှစ်ယောက်ထိုင် ဆိုဖာလေးပေါ်မှာ မထိုင်ချင်လို့များလား မသိ။ နဂိုတည်းကလည်း ဖင်က ခပ်မြင့်မြင့်ရယ်ဆိုတော့ သူ့တိုက်ခန်းလေးကို ကြည့်ပြီး ပါးစပ်ကနေ ထုတ်မပြောတောင် စိတ်ထဲမှာတော့ negative comments တွေ အစုလိုက် အပြုံလိုက်ဖြင့် judge လုပ်နေမည်မှာ သေချာပါသည်။

အိမ်က အမြင်တော့ မရှင်းနေပေမယ့် အနံ့အသက် ကောင်းမွန်ပြီး ပိုးမွှားသန့်စင်ပါသည်လေ။ စောနကပဲ ဂျီမင်တောင် room spray တွေ တရွှီရွှီနှင့် ဖျန်းပေးသွားသေးသည်။ ဒါကိုမှ စိတ်တိုင်းမကျဘူး ဆိုရင်လည်း သူ့ဘက်ကတော့ ဘာမှ မလုပ်ပေးနိုင်ပါ။ သူဖိတ်ကြားထားလို့ လာခဲ့ရသည့် ဧည့်သည်လည်း မဟုတ်။ ကိုယ့်ဘာသာကိုယ် မပြောမဆိုနဲ့ ရောက်ချလာသည်ပဲလေ။ မကျေနပ်ရင် လှည့်ပြန်ပေါ့။

ထိုအခါ ထယ်ယောင်းရဲ့ နက်မှောင်လှသည့် မျက်ဝန်းအကြည့်များသည် ဘာလုပ်လို့ လုပ်ပေးရမှန်း မသိဘဲ ခပ်ရို့ရို့ဖြင့်သာ မတ်တပ်ရပ်နေမိသော ဆော့ဂျင်ထံသို့ ကူးပြောင်းလာ၏။

How To Tame A BEASTHikayelerin yaşadığı yer. Şimdi keşfedin