Chapter 16

557 82 55
                                    


"ခေါ်လေ..."

တည်ငြိမ်လေးနက်တဲ့ အသံနေအသံထားဖြင့် ပြောလာသော ကင်ထယ်ယောင်းသည် တမင်သက်သက် လူကို ကသိကအောက်ဖြစ်ရအောင် စနောက်နေသည့်ပုံ လုံးဝမပေါ်ချေ။ တကယ်လည်း ထိုသူရဲ့ ပါးစပ်ကနေ စတာနောက်တာပါလို့ ဘယ်တုန်းကများ ပြောဖူးခဲ့လို့လဲ။

တစိမ့်စိမ့် အေးစက်လာသော လက်ဖဝါးနှစ်ဖက်ကို ဆုပ်ချေမိရင်း မလှုပ်မယှက် တောင့်တောင့်ကြီးသာ ဆော့ဂျင် ရပ်နေမိသည်။

"မခေါ်ဘူးလား ဆော့ဂျင်?"

"ဒါမှမဟုတ် မင်း ခေါ်လာအောင် ကိုယ်လုပ်ပေးရမှာလား?"

"ခင်ဗျာ?! ရတယ် မလုပ်နဲ့!"

စူးရှသော မျက်ဝန်းမျက်ဆံအိမ်များ​ကြောင့် ဆော့ဂျင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားရသည်။ သေချာသည်။ ကင်ထယ်ယောင်းက ဒီတိုင်း လွယ်လွယ်ကူကူနှင့် ကျော်သွားပေးမည် မဟုတ်ချေ။

"ထ-ထယ်ယောင်း..."

အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ဖိဝါးမိရင်းမှ ပထမဆုံးအကြိမ် ဆော့ဂျင် ခေါ်လိုက်သည်။ ပြီးနောက် ဆုံလည်ခုံ၌ ထိုင်နေသော ထိုသူအား ဆော့ဂျင် တစ်ချက် လှမ်းအကဲခတ်ကြည့်လိုက်သည်။ တစ်ဖက်သို့ အနည်းငယ် ကွေးတက်လာသော နှုတ်ခမ်းပါးတို့နှင့်အတူ ဆင်မြန်းထားသော မထေ့တထေ့ အပြုံးတို့ကြောင့် သူ့အား ဆက်ကပ်ထဲမှ အပျင်းပြေထိုင်ကြည့်လို့ရသည့် လူရွှင်တော်တစ်ယောက်လို သဘောထားနေပုံရသည်။

"နည်းနည်းတော့ တိုးနေသေးတယ်။ ဒါပေမယ့် ၁ ကြိမ်လို့ ထည့်တွက်ပေးလိုက်ပါ့မယ်။ ဆက်ခေါ်..."

စိတ်ထဲမှာတော့ လက်သီးလက်မောင်းတန်းကာ ဆော့ဂျင် မေတ္တာပို့လိုက်ရသည်။ ဒါ သူ့ကို တမင်သက်သက် အရှက်ခွဲပြီး အနိုင်ကျင့်တာပဲ။ ထိုသူရဲ့ အတွင်းရေးမှူးအနေနဲ့ အလုပ်စဝင်တည်းက တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် အမိန့်ပေး စေခိုင်းနေခဲ့တာ၊ အခုကျတော့ သူ့ဘဝဟာ ကင်ထယ်ယောင်းရဲ့ လက်ခုပ်ထဲက ရေသာသာလို ဖြစ်သွားရသည်။

"ထယ် ယောင်း"

"လေသံက နည်းနည်းတော့ မာတယ်နော်? ကိုယ့်အပေါ် မကျေနပ်တာများ ရှိလို့လား ဆော့ဂျင်?"

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

How To Tame A BEASTWhere stories live. Discover now