Chapter 14

482 76 50
                                    


"ချူခါဟယ် ကုကီး!!"

လက်ထဲမှ ယူဆောင်လာသော ပန်းစည်းလေးနှင့်အတူ ဂုဏ်ပြုစကားဆိုလိုက်သောအခါ တစ်ဖက်မှ လှည့်ကြည့်လာသည်။ ထို့နောက် သူ အမြဲတမ်း မြတ်နိုးသဘောကျရသည့် ယုန်သွားလေးများ ပေါ်အောင် ပြုံးပြလာသော ကောင်လေးကြောင့် ဆော့ဂျင် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိလိုက်သည်။

"ကျေးဇူးပါ ဂျင်-ဟျောင်း!"

ထိုကောင်လေးက ပြောပြောဆိုဆိုနှင့် သူ့နားသို့ ရောက်လာကာ ပွေ့ဖက်လိုက်သည်မို့ ဆော့ဂျင်အတွက် တစ်ခဏမျှ အသက်ရှုတောင် မှားချင်သွားရသည်။

မကြာခင် ကောလိပ်ကျောင်းသားဖြစ်လာတော့မည့် ဂျောင်ကုသည် ဟိုးငယ်ငယ်လေးတည်းက သူ အရိပ်တကြည့်ကြည့်ဖြင့် မြတ်နိုးခဲ့ရသည့် ဂျောင်ကုကီးလေးနှင့် သိပ်မတူတော့။ ဖြူစင်သည့် မျက်လုံးဝိုင်းဝိုင်းနက်နက်များနှင့် ယုန်သွားလေးတွေပေါ်အောင် ပြုံးပြတတ်သည့် အပြုံးတွေကလွဲလို့ ကျန်တာ တော်တော်များများက ပြောင်းလဲသွားသည်။

အသက်ပြည့်သည်နှင့် လောလောလတ်လတ် ဖောက်ထားသော ညာဘက်မျက်ခုံးပေါ်က piercing နှင့်အတူ ညာဘက် လက်ဖမိုးက တက်တူးတစ်ချို့ကြောင့်လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် မြင့်မားလာသည့် အရပ်အမောင်းနှင့်၊ gym ဆော့သည်မို့ ထွားကြိုင်းလာသည့် ခန္ဓာကိုယ်ကြောင့်လည်း ဖြစ်နိုင်သည်။ ကြည့်ရတာ ကုကီးရဲ့ ယခုလိုပုံစံမျိုးက အခုခေတ်လူငယ်တွေအတွက် အထာကျကာ မိမိုက်နေသည့် ပုံစံမျိုးဖြစ်လောက်သည်။

"အာ ဒါက မင်းအတွက်...
ဂုဏ်ပြုတဲ့အနေနဲ့ ပန်းစည်း..."

"ဂျင်-ဟျောင်းကလည်း ပန်းစည်းတွေဘာတွေ ပေးဖို့ မလိုပါဘူးဗျာ။ အချင်းချင်းတွေကို..."

"မင်းအတွက် ဂုဏ်ယူရမယ့်နေ့မှာ လက်ဗလာနဲ့ လာခဲ့လို့လည်း မကောင်းဘူးလေကွာ..."

သူ ပြောလိုက်တော့ ထိုသူ ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးသည်။ ထို့နောက် သူ ပေးလာသော ပန်းစည်းလေးကို ယူလိုက်သည်။

How To Tame A BEASTDonde viven las historias. Descúbrelo ahora