Yes to Heaven

700 36 6
                                    


Unicode...

"ဒါကဘယ်လဲ ကင်ဂျွန်ဂယူ!!"

ဒေါသတကြီးနဲ့လှည့်ထွက်သွားတော့မဲ့ ဂျွန်ဂယူ့ရဲ့လက်တဖက်ကိုဆွဲရင်းအော်ဟစ်လိုက်တော့တယ်။

လက်တွေအားဖျစ်ညစ်လိုက်တော့မျက်နှာလေးကရှုံ့မဲ့သွားကာအတင်းပင်ရုန်းထွက်ေိတာမို့ ဟာရုတိုစိတ်ရိုင်းတွေဟာထိန်းမရနိုင်ခဲ့။ဝါတာနာဘယ်ဟာရုတိုကိုဒီလိုလုပ်ရဲတဲ့တစ်ဉီးတည်းသောသူသာမဟုတ်ခဲ့ရင် ဒီနေရာမှာတင်လည်ပင်းညစ်ပစ်မိတော့မှာ။

"ကျုပ်ကိုရည်းစားမကျ၊သူငယ်ချင်းမကျအခြေအနေအထိခေါ်လာပြီးမှခင်ဗျားကဘာအချိုးချိုးတာလဲ!"

ဟာရုတိုရဲ့ရင်ထဲမှာမီးတောက်တွေပြည့်လျှံနေပြီအထိတိုင် နားမလည်နိုင်သေးတဲ့ဂျွန်ဂယူရဲ့ကြောင်တောင်တောင်အမူအရာတွေကရင်ထဲရှိမီးစာတွေကိုထပ်ခါထပ်ခါတိုးမြှင့်နေသယောင်။

"အာ့အကောင်ကြောင့်ခင်ဗျားကကျုပ်ကိုပစ်ပစ်ခါခါတွေပြောနေတာလား ပြောလေ ကင်ဂျွန်ဂယူ ခင်ဗျားကျုပ်ကို..."

"ပင်ပမ်းတယ်..."

စကားဖြတ်လာတဲ့သူကအင်မတန်အားတွေလျော့သွားတဲ့ဟန်ဖြင့် ဆိုဖာခုံမှာထိုင်ချပစ်လိုက်တော့တယ်။

အရာအားလုံးက ဂျွန်ဂယူရဲ့ပြင်မရတော့တဲ့အမှားတွေကြောင့်ပဲ။ဘယ်လိုတွေရှေ့ဆက်ဖြစ်လာမလဲမသိသေးတာတောင် လက်ရှိမှာတော့ဂျွန်ဂယူအတော်လေးကိုအားအင်တွေကုန်ခမ်းလို့နေပြီ။

"မင်းဘာမင်းငါ့အပေါ်မရိုးမသားဖြစ်တာတစ်ခုထဲနဲ့မင်းအပေါ်ထားတဲ့ငါ့ရဲ့သံယောဇဉ်တွေကိုမစော်ကားနဲ့ဟာရုတို"

"မင်းအပေါ်ဆက်ဆံခဲ့သမျှအတိုင်းလူတိုင်းအပေါ်မှာငါကောင်းခဲ့ပေးတာ!အာ့တာကိုလူတိုင်းသိတယ်ဟာရုတို ငါဒီထက်လဲပိုမပြောတတ်တော့ဖူး မင်းထင်ချင်သလိုသာထင်တော့ ငါတကယ်စိတ်ကုန်နေပြီ"

"ဒါဆို..."

"သူငယ်ချင်းလိုခင်မင်တဲ့လူတိုင်းကိုခင်ဗျားကခိုးနမ်းတတ်တာလား~ကင်ဂျွန်ဂယူ?"

ဆိုဖာခုံမှီထိုင်နေရင်းမျက်လုံးမှိတ်ထားတဲ့သူကဟာရုတိုရဲ့စကားသံကြားတော့မျက်လုံးအတန်ငယ်ဖွင့်လာကာ ဟာရုတိုကိုငေးကြည့်လာတယ်။အနည်းငယ်လက်လက်ထနေတဲ့မျက်လုံးအိမ်ထဲမှာစိုးရိမ်နေတဲ့စိတ်ကလေးတချို့က အလိမ်တွေပေါ်သွားမှာစိုးလို့များလား။ဟက်~ကင်ဂျွန်ဂယူ။မလိမ်တတ်ပဲနဲ့များ။

My Harukyu, My OTP( one shot collection)Where stories live. Discover now