Unicode....
"တော်ပါတော့!!"
ဂျွန်ဂယူအသံပြာမတက်အော်လိုက်တော့ တဖက်လူကိုဆက်တိုက်ထိုးကြိတ်နေခဲ့တဲ့ဟာရုတိုရဲ့လက်တွေကရပ်တန့်သွားတော့တယ်။
ထိုင်ရက်သားနဲ့အော်လိုက်တဲ့ဂျွန်ဂယူဘက်ကိုလှည့်ကြည့်လာပြီး တဖက်လူအားထိုးကြိတ်နေရာမှရပ်တန့်သွားကာအခုမှအသိစိတ်ကပ်သွားဟန်။
အနားကိုခြေလှမ်းကြဲတွေနဲ့လျှောက်လာတော့နှာခေါင်းဝထဲတိုးဝင်လာတဲ့သူ့ဆီကသွေးညှီနံ့ကြောင့် ပျို့တက်ချင်စိတ်ကိုမနည်းထိန်းလိုက်ကာ မျက်နှာကိုလွှဲလိုက်ရတော့တယ်။
"မင်းခြေထောက်မှာထိထားတာလား"
သူ့ခြေထောက်ကိုသွေးပေနေတဲ့လက်တဖက်ဖြင့်လှမ်းထိဖို့လုပ်နေတာမို့ဂျွန်ဂယူရှောင်လိုက်တော့တယ်။ထိုတော့မှသူ့လက်ကသွေးတွေကိုဘောင်းဘီမှာပွတ်သပ်နေတယ်။
အခုဘယ်သူကဘယ်သူ့ကိုလာစိတ်ပူပေးနေတာလဲ။ခြေခေါက်လဲတဲ့ဂျွန်ဂယူကသေသွားနိုင်တဲ့အနေအထားမှမဟုတ်တာ။
"မင်း မင်းရူးနေလား!!!"
သူအော်လိုက်တော့မထင်မှတ်ထားတဲ့ဟာရုတိုကအနည်းငယ်တွန့်သွားပုံရသည်။လက်တွေကိုဂျွန်ဂယူ့ခြေထောက်ဆီမှဖယ်ခွါသွားလေတော့သည်။
"ငါ့ကိုမေးမဲ့အစားကိုယ့်ကိုကိုယ်ဂရုစိုက်လိုက်ပါတော့လားလို့!!!!!"
"ငါ..."
"ထွက်သွား ငါမင်းမျက်နှာကိုမတွေ့ချင်ဖူး!!"
"ငါဘာအမှားလုပ်မိလို့မင်းကငါ့ကိုနှင်ထုတ်နေတာလဲ"
ရုပ်တည်ကြီးနဲ့ဘာအမှားလုပ်မိလို့လဲဆိုပြီး သူ့ကိုတောင်အပြစ်ပုံချင်နေသေးတဲ့ ဟာရုတိုကြောင့် အနီးကပ်တွေ့နေရတဲ့မျက်နှာကိုသာဆွဲထိုးပစ်ချင်သည်။
"မင်းဘာလို့သူများကိုသွားထိုးတာလဲ!!"
"လက်အားနေလို့"
မေးတော့လဲ ချက်ချင်းပြန်ဖြေလာတဲ့ပုံကရိုက်သတ်ချင်စရာ။
"ငါအကောင်းပြောနေတာဟာရုတို မင်းအခုလိုလုပ်တာအခက်မသင့်ရင်ပြသနာတက်နိုင်..."