Be Mine

361 37 6
                                    

Unicode...

"ထွက်သွား ထွက်သွားစမ်း ကင်မ်ဂျွန်ဂယူ!!!ခင်ဗျားကိုကျနော်မယုံတော့ဖူး!ခင်ဗျားလဲသူတို့လိုပဲ"

"မင်းကိုယ့်ကိုနှင်မထုတ်ရက်ပါဖူးဟုတ်တယ်မလား

"အခုစိတ်အရမ်းဆိုးနေလို့အမှန်ကိုမမြင်နိုင်သေးတာ စိတ်အေးသွားတဲ့အချိန်ကျမှကိုယ်သေချာရှင်းပြပေးမယ်"

သူ့ဘာသာသူအပိုင်တွက်နေတဲ့ထိုလူက အေးဆေးပင်တိုက်ခန်းထဲကနေထွက်ခွါသွားတော့တယ်။အထီးကျန်ဆန်သယောင်ရှိတဲ့ကျောပြင်ကျယ်ကသူ့အနားကနေတရွေ့ရွေ့ထွက်ခွါသွားတာမြင်ရတော့ဟာရုတိုဒေါသတကြီးဖြင့်ဆိုဖာခုံတွေကိုပါဆွဲလှဲပစ်လိုက်တော့တယ်။

သူတို့နှစ်ယောက်ရန်ဖြစ်တုန်းက ပစ်ခွဲထားတဲ့ပန်းအိုးတွေ၊ TVမှန်တွေကကြမ်းပြင်မှာမွစာကြဲလျက်ရှိတယ်။

သွေးပူနေတာမို့နံရံကိုလက်သီးနဲ့အချက်ပေါင်းများစွာထိုးချထားတဲ့နေရာဆီကနေသွေးတွေတလဟောစီးကျနေသော်လည်း နာကျင်ခြင်းတစုံတရာကိုမခံစားရသေး။

အသက်ရှုသံတွေပြင်းထန်ကာ မျက်ရည်တွေနဲ့ခြံရံထားတဲ့မျက်နှာမှာနီရဲနေပြီးမောဟိုက်နေပုံ။အားအင်တွေလျော့ကျသွားတဲ့ကိုယ်လုံးကနံရံကိုမှီရင်းတဖြည်းဖြည်းထိုင်ချလိုက်တော့တယ်။

"မယုံတော့ဖူး ကင်မ်ဂျွန်ဂယူ~ခင်ဗျားကမေမေ့လိုလူမျိုးပဲ"

သူ့ကိုစိတ်ဆိုးပြီးကလပ်ကိုသွားတယ်ဆိုတဲ့အကြောင်းပြချက်ကြောင့်ဟာရုတိုမှာအလုပ်ကနေအသဲအသန် ကလပ်ကိုပြေးရပြန်တယ်။

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းလိုက်သလိုပဲ။အမောပင်မဖြေရသေး။ ကလပ်ထဲကမိန်းမတယောက်နဲ့ဖြစ်ချင်တိုင်းဖြစ်နေတဲ့မြင်ကွင်းကြီးကဆီးကြိုနေခဲ့တာ။

မျက်လုံးတွေဝေဝါးလာကာ ဒေါသစိတ်တွေကဝမ်းနည်းစိတ်တွေထက်ပိုသာလွန်နေခဲ့တာမို့ဟာရုတိုမယ် ထိုမိန်းမအားတွန်းဖယ်ချလိုက်ပြီး မူးဝေနေပုံရတဲ့ထိုလူကြီးရဲ့လက်ကိုအကြမ်းပတမ်းကိုင်ဆွဲကာတိုးထွက်တော့တယ်။

"စိတ်ဆိုးတာကိုအကြောင်းပြပြီးတွေ့ရာမိန်းမနဲ့လိုက်နမ်းနေတာလား!!"

My Harukyu, My OTP( one shot collection)Where stories live. Discover now