Unicode...
"ကိုကို ဟင့်!!"
"ဟင် ဘာဖြစ်လို့လဲ"
၆နှစ်အရွယ်ဂျွန်ဂယူဟာ ၄နှစ်အရွယ်ဟာရုတိုရဲ့လက်တုတ်တုတ်ကလေးတွေကိုကိုင်ထားလျက်မေးမြန်းနေခဲ့တယ်။
"ဟင့် ဟာရုဆော့နေရင်းနဲ့ဘွတ်ဘွတ်တွေပါမိလိုက်ပြီထင်တယ် အီးဟီး~"
အသံအကျယ်ကြီးငိုနေတာမျိုးမဟုတ်ပဲ တအီအီလုပ်နေတဲ့ဟာရုရဲ့မျက်နှာဟာရဲပတောင်းခတ်နေသည်။
ဂျွန်ဂယူက ကလေးတယောက်ဆိုပေမဲ့ဟာရုတိုနဲ့ပက်သက်ရင်တော့အမြဲတမ်းရင့်ကျက်သည့်အကိုတယောက်။
"ဟာရုကလဲ ဘွတ်ဘွတ်ပါတာငိုစရာမှမဟုတ်တာ လာတီတီ့ဆီသွားပြီးဘောင်းဘီသွားလဲကြမယ်"
သဲပုံထဲကနေဆွဲထူလိုက်တော့ ရှုံ့မဲ့ရှုံ့မဲ့နဲ့ကြုံးထလာတဲ့ကိုယ်လုံးသေးသေးလေး။လက်မှာပေနေတဲ့သဲတွေကို ဂျွန်ဂယူစိတ်လိုလက်ရဖယ်ရှားပေးပြီး လက်ကလေးကိုဆွဲလို့တဖက်ခြံဆီကိုကူးရလေသည်။
"တီတီရေ ဒီမှာဟာရုဘွတ်ဘွတ်ပါမိလိုက်လို့!!!"
"အမ်း!!!"
အခုမှအသံပြဲကြီးနဲ့ထအော်နေတဲ့ဟာရုတိုကြောင့်ဂျွန်ဂယူအလန့်တကြားနဲ့လက်ကိုလွှတ်ပေးလိုက်ကာ ကြောင်တောင်တောင်ဖြင့်ကြည့်နေမိတော့တယ်။
"ဟော့တော့ သားလေးကလဲ ဘာဖြစ်လို့ငိုရတာတုန်း"
"ဟင့်!!မာမား"
"မငိုနဲ့လေ သားလေးကလဲ လာလာ မာမားဘောင်းဘောင်းလဲပေးမယ်နော် ဂျွန်ဂယူလေးဒီမှာစောင့်နော် တီတီဟာရုကိုဘောင်းဘီလဲပေးလိုက်အုံးမယ်"
"ဟုတ် တီတီ"
အိပ်ခန်းထဲကိုခေါ်သွားပြီး ဖင်ဆေးပေးလိုက်ကာသန့်စင်ပေးလိုက်ပေမဲ့လဲ အငိုမရပ်သေးပဲ ရှိုက်နေတဲ့ဟာရုတိုကြောင့် မားကမျက်ရည်တွေကိုသုတ်ပေးကာ....
"ဘာလို့လဲသားလေး"
"ကိုကိုရှေ့မှာဘွတ်ဘွတ်ပါမိလိုက်တယ် ဟင့်"
"ဟော့တော"
ဟာရုတိုဟာကလေးပီပီငိုယိုပြီးလက်တွေက သူမပုခုံးတဖက်မှာတင်ထားကာဘောင်းဘီကိုအချွတ်ခံနေသည်။