Unicode....
"အကိုပဲကျနော့်ကိုရူးအောင်လုပ်နေတာ!!!"
သူ့လက်ကိုဖိညစ်ထားတဲ့ဟာရုတိုရဲ့လက်အားကပြင်းထန်တာကြောင့်ဂျွန်ဂယူရုန်းထွက်လို့မရပေ။
"ငါ့ကိုမင်းပဲမမြင်ချင်၊မတွေ့ချင်ဖြစ်နေလို့အမြဲရှောင်နေတာမဟုတ်ဖူးလား အခုငါ့ကိုထပ်ရှောင်စရာလဲမလိုတော့ဖူးလေ တကယ်ပဲမင်းငါ့ကိုဘာဖြစ်စေချင်နေတာလဲ"
ဟာရုတို့ကိုအသံကုန်အော်ဟစ်နေတဲ့အကိုကြောင့်ဒေါသတွေဟာငယ်ထိပ်ပေါ်အထိအထွတ်အထိပ်ရောက်နေကာ စိတ်ထဲကစိုးရိမ်ရေမှတ်ကလဲပိုတိုးလာလေသည်။
ဟာရုတိုကအစွဲအလမ်းကြီးတဲ့သူမို့လို့ အတတ်နိုင်ဆုံးအချစ်မကြူးမိအောင်လို့နေထိုင်ရင်းနဲ့မှအကိုဟာမေတ္တာတွေကိုရေစီးကမ်းပြိုယူဆောင်လာလေသည်။နောက်ဆုံးမှာတော့ဟာရုတိုကပဲပူလောင်ရတယ်။
"လက်ကိုလွှတ်!!"
ဟာရုတိုရဲ့လက်ထဲကနေရုန်းထွက်ဖို့ကြိုးစားနေပေမဲ့ စိတ်ဆောင်နေတဲ့ဟာရုတိုရဲ့အားကိုဂျွန်ဂယူမလွန်ဆန်နိုင်ခဲ့။
"ကျနော့်ဆီကနေထွက်သွားလို့ရမယ်ထင်နေလား!"
မျက်လုံးတွေကနီရဲနေပြီးအသက်ရှုသံတွေပြင်းထန်နေတဲ့ဟာရုတိုကအတော်ကိုဒေါသထွက်နေပုံရသည်။အခက်မသင့်ရင်ဂျွန်ဂယူကိုတက်ခုန်အုပ်တော့မဲ့အနေအထား။
"ရူးနေ...အွန်း!"
ဂျွန်ဂယူရဲ့မျက်နှာကိုလက်ဖဝါးခပ်ကြီးကြီးတဖက်ကအုပ်မိုးထားပြီးကျန်လက်တဖက်ဖြင့်ဂုတ်ပိုးကနေဆွဲယူကာအတင်းနှုတ်ခမ်းတွေအားနမ်းရှိုက်စုပ်ယူနေတော့သည်။
သူ့ကိုထုရိုက်နေတဲ့လက်ကလေးတွေကိုလက်တဖက်ထဲနဲ့ဖမ်းချုပ်လိုက်ပြီး နံရံမှာအတင်းမှီကပ်ကာချုပ်ထားလိုက်ရင်း စိတ်ရှိတဲ့အတိုင်းကြမ်းရမ်းမိုက်မဲနေမိတော့သည်။
စိတ်တိုတယ်။ကိုယ့်ဘက်ကခြေတလှမ်းတိုးလာဖို့လုပ်တိုင်း အနောက်ကိုတလှမ်းဆုတ်ဆုတ်သွားတတ်တဲ့အကို့ကိုကြောင့်ဟာရုတိုတကယ်အသက်တိုရတယ်။
"အွန်း!"
အသက်ရှုကြပ်သိပ်လာကာ မခံနိုင်တော့လို့ကြံရာမရတဲ့အဆုံးခြေထောက်အားတက်နင်းချလိုက်တော့မှ လွတ်မြောက်ခွင့်ရတဲ့နှုတ်ခမ်းဖူးဖူးလေး။