Episode 3

62 13 0
                                    

ရုံးတက်ရမယ့်ပထမဆုံး​နေ့မှာ ကောင်​လေးတစ်​ယောက် သပ်သပ်ရပ်ရပ်လေးနဲ့ စတိုင်ကျကျ​လေးဝတ်ပြီး Top အိတ်ကိုဆွဲကာ ထွက်လာခဲ့ပြီ

အနက်​ရောင် suit နဲ့ သန့်ပြန့်ပြီးချော​မော​နေတဲ့​ကောင်​လေးကလည်း ကား​သော့ကိုဖွင့်ပြီးမောင်းလာခဲ့ပြီ

ရုံး​ရောက်တဲ့အခါမှာ​တော့ ဓာတ်လှေကားစီးဖို့ကို အများရပ်​စောင့်​နေတဲ့​နေရာမှာပဲ တန်းတူ​စောင့်ရင်း တ​နေ့ကစီးခဲ့တဲ့ဓါတ်​လှေကားကို​စောင်းကြည့်မိတယ်

ဘာလို့များ ဘယ်သူမှ အဲ့ဓါတ်​လှေကားနားမှာမ​စောင့်ကြတာပါလိမ့် လို့သူ​တွေးမိတယ် VIP ဓါတ်​လှေကားမှန်းသူမသိဘူး

ပြင်ဆင်​ပေးထားတဲ့​နေရာမှာ အလုပ်လုပ် နေ့လည်စာစား အလုပ်ပြန်လုပ် တ​နေ့သာကုန်လို့သွားတယ် အဖွဲ့မှူး Lee JENO ကိုမ​တွေ့လို့ ဟိုဟိုဒီဒီ Renjun ​ဝေ့ဝိုက်ရှာ​နေဖြစ်တယ်

ဒီလိုနဲ့ မ​တွေ့မ​တွေ့နဲ့ ၃ ရက်​လောက်​နေ​လို့ အစည်းအဝေးလုပ်​တော့မှ​ အစည်းအဝေးအခန်းထဲမှာ သူတို့နှစ်​ယောက်​ဆုံကြတယ်

အဖွဲ့မှူး JENO က meeting room ထဲဝင်လာတဲ့ RENJUN ကိုတချက်သာ‌မော့ကြည့်လိုက်​ပြီး အလုပ်ဆက်လုပ်လို့​နေတယ်

JENO ရဲ့အရိပ်အကဲကို မခို့တရို့လေးနဲ့ခဏခဏကြည့်​နေတဲ့ RENJUN က​တော့ အားနာပြီးရင်အားနာလို့​နေသည်

တကယ်က RENJUN ရှက်ပြီးအ​နေကြပ်မှာစိုးလို့ JENO က​ရှောင်​ပေး​နေ​တာ

န​မောနမဲ့နိုင်တဲ့​ကောင်​လေးမို့ RENJUN အဆူခံရတိုင်း JENO ကာကွယ်​ပေးချင်တယ် မသိတာရှိရင်ဖြစ်ဖြစ် ပြောပြ​ပေးချင်တယ် သင်ပြ​ပေးချင်တယ်

ဒါပေမဲ့ သူအဲ့လိုလုပ်​တော့မယ့်ချိန်တိုင်း ဟို​ကောင်​လေးကအမြဲရောက်​ရောက်လာတယ် RENJUN ရဲ့ပုခုံးကိုအမြဲဖက်​လေ့ရရှိတဲ့​ကောင်​လေး​ပေါ့

JENO အလုပ်လာတိုင်း ပြန်တိုင်း နေ့လည်စာစားချိန်တိုင်း အခုလည်း အစည်းအဝေးလုပ်​နေရင်းခေါင်းချင်းဆိုင်နေတဲ့ တရုတ်​လေးနှစ်​ယောက်ကို အမြဲ​တွေ့တယ်

အစည်းအဝေးခန်းထဲမှာ စတိုင်ကျကျနဲ့ထိုင်​ပြီး Suit နဲ့ ခန့်ညား​နေတဲ့သူကို RENJUN သူဘက်တချက်​လောက် ကြည့်လာဖို့ ဆု​တောင်း​နေသည်

You Are In Love Tahanan ng mga kuwento. Tumuklas ngayon