Episode 7

129 19 2
                                    

Report File တွေတပိုက်နဲ့ ကောင်​လေးတစ်​ယောက် အဖွဲ့မှူး Lee JENO ရုံးခန်း တံခါးခေါက်လိုက်ပြီး

"အဖွဲ့မှူး ကျွန်တော်ပါ"

"ဪ လာ​လေ RENJUN "

"ဒီမှာ Report တွေပါ ကျွန်တော်ကို ဘာများ-"

"ဪ ဟို ဟဟ အဲ့ဒါက Renjun ကို​မေးစရာရှိလို့"

"မေးစရာ ဘာများလဲဟင်"

"ကိုယ်တို့ Company မှာက​လေ အဟမ့်...ရုံးတွင်းချစ်သူ​တွေကို လက်မခံဘူးလေ အဲ့ဒါကြောင့် Renjun တို့ အဖွဲ့ထဲမှာ တွဲ​နေတဲ့အတွဲ​တွေရှိလားလို့ပါ"

တော်ရုံ panic ဖြစ်လွယ်တဲ့​ကောင်​လေးက Zihan နဲ့ဘာလိုလိုဆို တုန်လှုပ်သွားမှာ

"အာ...ကျွန်တော် သိသ​လောက်​တော့ မရှိပါဘူး"

တည်တည်ငြိမ်ငြိမ်အေး​အေးလူလူ​လေးပဲ​ဖြေသွားတယ်ဆို​တော့ မဟုတ်ဘူးဆိုတဲ့သ​ဘောပဲ

"ဟုတ်လား အ့ဆိုရင် ကိုယ် Renjun ကိုစပိုင်ထားမယ်​နော် Renjun သတိထားမိတဲ့သူရှိရင်ကိုယ့်ကို​ပြော​နော်"

"ဟုတ်ကဲ့ ဟို တကယ်လို့..."

ဘာလား

"တကယ်လို့​လေ တွဲ​နေတဲ့သူရှိရင်​ရော"

မ​ပြောနဲ့​နော် Zihan နဲ့ဟိုလိုလို ဒီလိုလိုပါလို့

"ရှိ...ရှိ​နေလို့လား"

"မရှိပါဘူး တကယ်လို့များ ရှိရင် ဘယ်လိုအ​ရေးယူမှုမျိုးရှိမှာလဲဟင်"

"ဘာလို့လဲ"

"အဖွဲ့ထဲကလူ​တွေက သူသူကိုယ်ကိုယ် ကြိုးစားရုန်းကန်နေရတဲ့သူ​တွေချည်းဆို​တော့ အလုပ်ထုတ်တာ ကျွန်တော်တို့နဲ့စာချုပ်ဖျက်တာ အဲ့​လောက်ထိပြင်းထန်မှာလားဟင်"

စိုးရိမ်​တွေးပူပြီး သူ့လူ​တွေကို တွေး​ပေးတတ်တဲ့ စိတ်ထားနုနယ်တဲ့​ကောင်​လေး

"အ့​ကြောင့်မို့​လေ အဲ့လိုအ​ခြေအ​နေ​တွေထိမ​ရောက်​​အောင် ကိုယ်ကကာကွယ်​​ပေးမှာမို့ ကိုယ့်ကို​အသိ​ပေးဖို့ Renjun ကိုတာဝန်​ပေးတာ​ပေါ့"

တကယ်က Renjunတို့အဖွဲ့က JENO တို့ Company နဲ့တွဲဖက်လုပ်ရုံသာသာပဲ စီမံခန့်ခွဲရေးလက်​အောက်မှာရှိမ​နေတာကို Renjun မသိဘူး

You Are In Love Where stories live. Discover now