Episode 4

59 15 0
                                    

သန့်ရှင်းသပ်ရပ်ပြီး အနည်းငယ်ကျဉ်းတဲ့အိမ်ထဲရောက်တာနဲ့ ချက်ချင်း JENO အတွက် လဲစရာထုတ်ပေးကာ

"အဖွဲ့မှူးခင်ဗျာ့ ဒီမှာ အဖွဲ့မှူး လဲဖို့"

Coat အပွကြီးကို ဝတ်ထားပြီး စိုရွှဲ​နေတဲ့ဆံပင်​တွေရယ် ​ပေါင်သား​တွေကို ကပ်​နေတဲ့​ဘောင်းဘီအစ​တွေကို ဟိုခွာဒီခွာနဲ့ ကောင်လေးကို ကြည့်ရတာအဆင်မ​ပြေတာမို့

"ဟို...မင်းအရင်လဲလိုက်ပါလား ကောင်​လေး"

"အ့...ဟုတ်ကဲ့ခင်ဗျာ့"

JENO ရှေ့ ခပ်ရှက်ရှက်နဲ့ လှုပ်စိလှုပ်စိလေး Bathroom ထဲ၀င်သွားတဲ့​ကောင်​လေးကို JENO အသာပြုံးမိတယ်

အိမ်ဝင်​ပေါက်အနားကနံရံမှာ အုန်းဆံကြိုးရယ် Polaroid size ဓါတ်ပုံ​လေး​တွေနဲ့ အလှဆင်ထားတဲ့ RENJUN ပုံ​လေး​တွေကိုကြည့်ကာ

သူ့ဓါတ်ပုံ​လေး​တွေပဲ.....အ့ ဒါအထက်တန်းတုန်းကပုံဖြစ်မယ် သွားတက်​လေးနဲ့....

တခြားပုံ​တွေကိုဆက်တိုက်ကြည့်လာရင်းမှ

Zihan ပုံပါလား.. နေဦး ပုံ​တွေအကုန်လုံးနီးပါးက နှစ်​ယောက်တွဲပုံ​တွေရယ်....တစ်​ယောက်ချင်းစီပုံ အဖွဲ့လိုက်ပုံ နဲ့ နှစ်​ယောက်တည်းပုံတွေ

အထက်တန်းတုန်းကပုံ တက္ကသိုလ်တက်တုန်းကပုံ ဘွဲ့ယူတဲ့ပုံ နမ်ဆန် tower နားရိုက်ထားတဲ့ပုံ ဘာလား...ဘယ်​လောက်အတိုင်းတာထိ ရင်းနှီးကြတာမို့လဲ

နှစ်​ယောက်အတူရှိခဲ့တဲ့ memories ကို ဒီလိုမျိုးအလှဆင်ထားရတဲ့ အထိ တန်ဖိုးထားတာလား

RENJUN ပဝါနဲ့ခေါင်းရေသုတ်ရင်း ထွက်လာ​တော့ Jeno ချောင်းတစ်ချက်ဟန့်ရင်း မျက်နှာအမူအယာပြင်ရသည်

"အဖွဲ့မှူး လဲလို့ရပါပြီခင်ဗျာ့"

" OK "

အ၀တ်လဲ​နေသည့်အထိ JENO အတွက် ဓါတ်ပုံတွေက တနုံးနုံးနဲ့ တွေး​နေစရာ ဖြစ်လို့​နေသည်

JENO အဝတ်လဲပြီးအပြင်ထွက်လာ​တော့ မီးဖိုချောင်မှာ တတောက်​တောက်အလုပ်ရှုပ်​နေတဲ့​ကောင်​လေးက အနားလာပြီး သဘက်တထည်ကမ်း​ပေးကာ

"အဖွဲ့မှူး ဆံပင်သုတ်ဖို့ပါ"

" OK "

ပေးလာတဲ့ သဘက်ကိုယူပြီးဆံပင်သုတ်​နေတဲ့ အဖွဲ့မှူးLee JENO ကရိုးရိုး T shirt အဖြူ ဘောင်းဘီရှည်နဲ့ တောင် ကြည့်လို့​ကောင်း​နေတာမို့ RENJUN ငေး​မောမိတယ်

You Are In Love Where stories live. Discover now