Episode 5

71 15 4
                                    

JENO တစ်​ယောက် ကားတံခါး​ လိုက်ဖွင့်​ပေးပြီး ကားထဲ​ရောက်​​တော့လည်း ခါးပတ်ပတ်​ပေးဖို့လုပ်​ပေမယ့် RENJUN က ပတ်ပြီးနှင့်ပြီ

"ည​​နေစာစားပြီးပြီလား ဘာစားမလဲ ကိုယ်ဘာ၀ယ်​ကျွေးရမလဲ"

"စားပြီးပြီခင်ဗျာ့ Zihan ၀ယ်​ပေးတဲ့ ဆန်ပြုတ်သောက်ပြီးပြီ"

"ဪ ဟုတ်လား...အ့ ဒါဖြင့် အိမ်​ရောက်ရင်စားဖို့ရော တစ်ခုခု- "

" ကွေကာအုပ်​သောက်ဖို့ ရှိတယ်ခင်ဗျာ့"

" ဪ... အဲ့ဒါဆိုလည်းဟုတ်ပါပြီ"

တစ်ခုခုမဟုတ်တစ်ခု JENO လုပ်​ပေးချင်​ပေမယ့်လို့ အခွင့်မသာ​နေ

RENJUN အိမ်နားကားရပ်ထားပြီး တ​လျှောက်လုံးအိပ်လာတဲ့​ကောင်​လေးကိုမနိုးရက်တာမို့ နှိုးလာတဲ့အထိ​ JENO စောင့်ပေးလို့

အိပ်​နေတဲ့​ကောင်​လေးကို တစိမ့်စိမ့်ရှုစားရင်း နှုတ်ခမ်းဖူးဖူး ပါးရဲရဲ​လေးနဲ့ ကိုက်စားချင်စရာပန်းသီး​လေးလို ချစ်ဖို့​ကောင်းပါလားလို့ JENO တွေးမိတယ်

တလှုပ်လှုပ်နဲ့ မျက်လုံးလေးအသာဖွင့်နှိုးလာမှ JENO ဟိုကြည့်ဒီကြည့်နဲ့ ဟန်​ဆောင်ရတယ်

" ကျွန်တော့်အိမ်​ရောက်​နေပြီပဲ အ့...ကျွန်တော်အိပ်လိုက်တာအရမ်းကြာသွားတာလား"

" မကြာပါဘူး"

"အားနာလိုက်တာ အဖွဲ့မှူးကလဲ ကျွန်တော်ကိုနှိုးလိုက်တာမဟုတ်ဘူး"

" နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်​နေတာကိုး ဘယ်လိုလုပ်နှိုးရက်မှာလဲ"

" ဒါမယ့်လည်း...."

" ရပါတယ်လို့"

" ဟုတ်ကဲ့ လိုက်ပို့ပေးလို့​ကျေးဇူးတင်ပါတယ် ကား​သေချာဂရုစိုက်​မောင်းသွားပါ"

နှုတ်ဆက်ပြီး ကား​ပေါ်က​နေဆင်းကာ အိမ်ထဲဝင်​တော့ဖို့အလုပ်

"RENJUN ကောင်​လေး!!"

JENO ကားပေါ်ကဆင်းပြီ RENJUN ကိုလှမ်း​ခေါ်လိုက်​တော့ လှည့်ကြည့်လို့

" ဗျာ??"

RENJUN နား အသာ​လျှောက်သွားပြီး

" ဟို မနက်ဖြန် စ​နေ တနင်္ဂနွေ ရုံးပိတ်ရက်မှာ မင်းကို​ကောင်း​​ကောင်း နား​စေချင်တယ် သူငယ်ချင်းတွေနဲ့ဟို​လျှောက်သွားဒီ​လျှောက်သွားမလုပ်ဘဲ အိမ်မှာပဲနေ​စေချင်တယ်
အိမ်မှာ​နေရင်လည်း ရုံးအလုပ်​တွေအိမ်အလုပ်​တွေ မလုပ်နဲ့​နော် နေ​ကောင်းခါစဆို​တော့ ပြည့်ပြည့်၀၀နား​စေချင်တာ"

You Are In Love Where stories live. Discover now