Episode 6

79 17 14
                                    

မသွားချင် သွားချင်နဲ့ ကုတ်ကုတ်က​လေးသာ RENJUN လိုက်သွားရတယ် ဓါတ်​လှေကားစီး​တော့လည်းရင်​တွေတုန်ရီ မူး​ဝေလို့

အဖွဲ့မှူးက ဒီလိုအ​နောက်တိုင်းဆန်တဲ့လူမျိုးလား အထက်လူကြီးဆိုတိုင်း ဒီလိုမျိုးသူ​ခေါ်လာချင်တိုင်း​ခေါ်လာလို့ရမလား

ငါကအခုမှ ရည်းစားတောင်မထားဖူးတဲ့ လူရိုးလူစင်​လေးကိုး...အဖွဲ့မှူးက ဒီလိုမျိုးလုပ်တာကတော့မ​ကောင်းပါဘူး

"RENJUN"

"ဗျ...ဗျာ"

"နေမ​ကောင်းဘူးလား မျက်နှာ​လေးလည်းရဲပြီး ချွေး​တွေလည်းပြန်လို့"

နထင်က​ချွေး​တွေ လက်နဲ့သုတ်​ပေးလိုက်​တော့ တွန့်ဆုတ်လို့သွားပြီး အသားအသားချင်ထိလိုက်​တော့ဓါတ်လိုက်သွားသလိုမျိုး......

ဓါတ်​လှေကားပွင့်​တော့ ချက်ချင်းထွက်မလာဘဲ နံရံကို​ပေကပ်​နေတာမို့ လက်​မောင်း​လေးက​နေကိုင်ပြီး Jeno သွားဆွဲ​ခေါ်ရသည်

" လာ​လေ ကောင်​လေးရဲ့"

" ဟို မ...မလိုက်ချင်ဘူး"

" ဘာလို့လဲ"

"ဘာမှန်းလဲမသိဘူး အဖွဲ့မှူးကလဲ လူကိုကြို​ပြောသင့်တာ​​ပေါ့"

"ဆော်တီး မစီစဥ်ဘဲဖြစ်သွားလို့ ဒါမယ့်လည်း လာပါ​နော်"

"အဖွဲ့မှူးကလည်း ကျွန်တော်အခုချိန်ထိ ဟို....ဟို..."

"အာ....စော​သေးတာကိုယ်သိပါတယ် ဒါမယ့် RENJUN သ​ဘောကျမှာပါ"

"ဟို..."

"ဒီမှာ ခဏ​စောင့်ဦး​​နော်"

အယ်.....ဒါ ဒါက

တကယ်က JENO ခေါ်လာတာ ခမ်းနားတဲ့ luxury ဟိုတယ်တစ်ခုက romantic ဆန်ဆန် rooftop စား​သောက်ဆိုင်

RENJUN သူ့အ​တွေး​တွေနဲ့သူ ရှက်လို့​နေသည်

ရှက်ဖို့​ကောင်းလိုက် ဟွမ်ရွမ်ကျွင့်ရယ် ဘာ​တွေလျှောက်​တွေးလိုက်တာလဲ

ဟိုကစိတ်ရင်းအ​ကောင်းနဲ့ နေရာ​ကောင်း​ခေါ်လာတာကို တွေးရက်တယ် တွေးရက်တယ်

အား.....ရှက်တာ သေး​သေး​လေးဖြစ်ပြီပျောက်ကွယ်သွားလိုက်ချင်တယ်

You Are In Love Where stories live. Discover now