Episode 9

49 16 3
                                    

Renjun ရဲ့ condo ရှေ့ ကားပါကင်မှာ

Jeno တစ်ယောက် ကားကိုမှီရင်း လက်မသွေးထွက်မတတ် တကိုက်ကိုက်နဲ့ အတွေးထဲနစ်မြောလို့

မနေ့က သောကြာနေ့က

"မနက်ဖြန် အလုပ်ပိတ်ရက်မှန်းသိပေမယ့် Jeno ရယ် Sorry ပါ နယ်ဘက်ကစက်ရုံတွေဘက်သွားကြည့်ပေးပါလား"

"ရပါတယ် ဒါရိုက်တာကလည်း ဘယ်လိုဖြစ်လို့တောင်းဆိုသလိုကြီးပြောနေရတာလဲ သွားနေကြပဲကိုး"

"အေးပါကွာ ဪ တရုတ်အဖွဲ့ထဲကတစ်ယောက်ကိုပါခေါ်သွားလိုက်"

သေချာပေါက် သူနဲ့အတူလိုက်မယ့်သူက Renjun ပဲဖြစ်စေချင်တာပေါ့

Renjun တို့ဌာနဘက် ခြေဦးလှည့်ကာ သွားပြီး

"အဟမ့် မနက်ဖြန် နယ်ဘက်က စက်ရုံသွားကြည့်မို့လေ ဒီဘက်အဖွဲ့ထဲကတစ်ယောက်လောက် ကျွန်တော်နဲ့အတူ လိုက်ခဲ့ရမယ်"

Jeno စကားကြားပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြလို့ သူတို့ထဲက အဖွဲ့မှူးက

"ကျွန်တော်တို့အကုန်လုံးက ကိုယ်စီ အလုပ်များနေကြတာဗျ"

လကုန်ခါနီးဆိုအလုပ်ကများ ပိတ်ရက်မှာလည်းနားချင်ကြမှာဆိုရင်

"Renjun ကိုထည့်ပေးလိုက်မယ်လေ ရလား"

မသိမသာကော့ညွန့်သွားတဲ့အပြုံးတစ်ခု

သူတို့မလုပ်ချင်တဲ့အချိန်တိုင်းထိုးကျွေးနေကြသူက Renjun ပဲဖြစ်မယ်ဆိုတာ ကြိုသိတယ်လေ

"အဆင်ပြေပါတယ် Renjun ဆိုလည်း"

ထိုးကျွေးတဲ့အထက်လူကြီးရယ် အကြံကြီးတဲ့ အဖွဲ့မှူး Jeno တို့ နှစ်ယောက်ကြား ဖြူစင်တဲ့သိုးပေါက်လေးလို Renjun လေးကတော့ အလုပ်ကလွှတ်တာမို့သွားဆိုလည်း သူသွားမှာပဲ

ဆုတောင်းပြည့်ပြီအထင်နဲ့ ကြိတ်ပျော်နေတုန်း

"ကျွန်တော်ပါလိုက်မယ် Renjun နဲ့အတူ ကျွန်တော်ပါလိုက်မယ်"

ညာဘက်လက်မောင်းကို ဆန့်တန်းကာ တမြှောက်မြှောက်နဲ့ Zihan

"ဒါမှမဟုတ်လည်း ကျွန်တော်ပဲလိုက်မယ်လေ Renjun နားပါစေ"

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

You Are In Love Where stories live. Discover now