Episode 8

98 14 5
                                    

အရက်မူးသမား​လေးကို အိမ်ထိလိုက်ပို့​ပေးပြီး ကောင်း​ကောင်းအိပ်​ပျော်​နေတာမို့ မနှိုးရက်တာနဲ့ နိုးလာတဲ့အထိ​စောင့်​ပေးလို့

အရက်​​ကြောင့် ပါး​လေးနှစ်ဖက်က ရဲတွတ်​နေလိုက်တာဆိုတာ ချစ်စရာ​ကောင်း​နေမှုအတိ

ဒီရက်ပိုင်း လူကို သိပ်စိတ်ရှုပ်​အောင်လုပ်နိုင်တဲ့​ကောင်​လေး စစ​နော​က်နောက်နဲ့ အ​တော်ရင်းနှီး​နေပြီးခါမှ အခုတ​လော ထပ်​ရှောင်လို့​နေပြန်တယ်

ကျွန်တော်ကို ကလိကလိနဲ့ကျီစယ်သလိုပဲ သူ​ရှောင်​လေလေ ကျွန်တော် အသည်းယားလေ​လေပဲ

RENJUN အိပ်​ပျော်​နေလို့ Jeno ကား​ပေါ်က​နေထိုင်​စောင့်​နေတုန်း

Renjun ပျို့အန်ချင်လာတာနဲ့ ကားတံခါးကို အမြန်ဖွင့်ပြီး တွေ့ရာချူံတစ်ခုမှာ ထိုးအန်လိုက်တယ်

နထင်ကိုလက်နှစ်ဖက်နဲ့ညစ်ပြီး

"အား.....ခေါင်း​တွေကိုက်လိုက်တာ သေ​တော့မှာပဲ အား.....ချာချာကိုလည်လို့"

JENO လည်း ကားထဲက​နေပြေးဆင်းလာပြီး RENJUN ကျော​လေးကိုနှိပ်​ပေးကာ

"အဆင်​ပြေရဲ့လား အမူး​ပြေရဲ့လား"

"အား...ခေါင်းကိုက်တာ"

"အရမ်းခေါင်းကိုက်​နေတာလား"

"အား...မူးလိုက်တာ"

မူးပြီးယိုင်လဲ​တော့မလို့ Jeno လက်​မောင်းက​နေ ဖျတ်ခနဲ လှမ်းဆွဲလိုက်​ပြီး

Jeno ကိုသေချာ စူးစိုက်ကြည့်ဖို့ အားတင်းကာမျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်တော့

"Wow...ကိုယ်​ယောင်ကိုယ်ဝါ​တွေ​တောက်ပလို့ ချောလိုက်တာ...ဘယ်သူပါလိမ့်
wow... ဘုရားသခင်က ဒီလို​ချော​မောတဲ့သူမျိုး ထပ်ဖန်ဆင်းပေးထားတာလား ကောင်းလိုက်တာ"

လက်ခုပ်ကလည်းတီးလိုက်​သေးတာ

"အဲ့လိုဆို ကျွန်တော်ဟိုတစ်​ယောက်ကို အလွယ်​လေး​မေ့နိုင်မှာ"

"ဟိုတစ်​ယောက် ဟိုတစ်​ယောက်ဆိုတာက??"

အောက်နှုတ်ခမ်း​လေးကို​ထော်ပြီး လေသံခပ်မာမာ​လေးနဲ့​ပြန်​ဖြေလို့

You Are In Love Where stories live. Discover now