"ဂျီဟွန်း...မင်းတူကို သိပ်ပြီး အလိုမလိုက်နဲ့။"
ဂျွန်ကယူ အသံကျယ်ကျယ်ပြောလိုက်ရင်း ကျောက်ပတ်တီးအဖွေးသားနှင့် ဂျောင်းဝူကို မေးငေါ့ပြလိုက်မိသည်။ပတ်ခ်ဂျီဟွန်းက အရိုးအကြောမို့ ဂျောင်းဝူတို့က အေးဆေးတည်ငြိမ်နေတာ။
ခြေထောက်အရိုးအက်သွားတာကလည်း ဂျောင်းဝူရဲ့ နမော်နမဲ့ကြောင့်။လှေကားလေး ငါးထစ်လောက်ကို ခုန်ဆင်းစရာလား။အလျင်လိုနေတယ်ဆိုရင် အန္တရာယ်ကင်းအောင် လုပ်ရမှာ သူ့တာဝန်လေ။
"ဂျောင်ဝူးက ပျော်ပျော်နေတက်လို့ပါ ကယူရာ။ပြီးတော့ ညက လူနာတွေ များတာနဲ့ သူလည်း သတိလွတ်သွားတာ ဖြစ်မှာပါ။"
"အဲ့လို ဖြစ်ပါစေလို့ ဆုတောင်းတယ်..."
"ကြက်ကြော်ဝယ်ကြွေး စီနီယာ"
"မင်းခြေထောက်ကိုပဲ ဖြတ်ပြီးကြက်ကြော်လုပ်စားလိုက်တော့ ပတ်ခ်ဂျောင်းဝူ"
ဂျွန်ကယူ ဆူသလို ပြောလိုက်တော့ ဂျောင်းဝူက သူ့ရဲ့ မူပိုင်မျက်ဝန်းတွေနှင့် ပြုံးလာပါသည်။ဒီကောင်လေးက တကယ်ကို ငဒူလေး။ပြောရင်လည်း နာတာမဟုတ်။သူလိုချင်တာကိုပဲ ဖုတ်ပူမီးတိုက် မရမချင်း ပူဆာတဲ့ ငဂျစ်လေး။
"ကြက်ကြော်စားချင်တယ် စီနီယာ"
"ကိုယ့်ခြေထောက် ကိုယ်သုံး ပတ်ခ်ဂျောင်းဝူ။ငါအားနေတာ မဟုတ်ဘူး။ငါ ဝယ်ပေးတာ စားချင်ရင်တော့ နောက်တစ်နာရီလောက်စောင့်"
ထိုအခါ ခေါင်းကို တသွင်သွင်ငြိမ့်လာတဲ့ကောင်လေး။ဒီလိုကျတော့ ဂျွန်ကယူစကားကို တသွေမတိမ်းလိုက်နာပါ၏။ဂျီဟွန်းကတော့ ရယ်နေပါ၏။
"မင်းပြောတော့ ဂျောင်းဝူကို အလိုမလိုက်နဲ့ဆို...အခု မင်းကိုယ်တိုင်ကိုက အလိုက်လိုက်နေတာနော်..."
"မင်းကိုပဲ အလိုမလိုက်ခိုင်းတာလေ...ငါက အလိုမလိုက်ဘူးလို့ ပြောခဲ့လို့လား။"
ထိုအခါ ဝါးခနဲ ပွဲကျသွားသူက ဂျောင်းဝူ။ပတ်ခ်ဂျီဟွန်းကလည်း ထိန်းမရသိမ်းမနိုင် အော်ရယ်လေသည်။ဂျွန်ကယူပြောတာ မမှားပေမယ့် ထိုတူဝရီးကိုက ထူးဆန်းနေတာ။