CHAPTER -8|U+Z

179 34 4
                                    

“နန်းဆက်ခံမင်းသား ဝါတာနာဘယ် ဟာရူတိုက ကင်မ်ဂျွန်ကယူက လွဲပြီး မည်သူ့ကိုမျှ လက်ထပ်မယူဘူးလို့ သိထားပေး...”

ဆိုးဂျောင်ဟွမ်း ဟာရူ့စကားကြောင့် ခြေလှမ်းတွေ ရပ်တန့်သွားရသည်။ဟာရူကိုယ်တိုင်နန်းဆက်ခံဖို့ လက်ခံလိုက်ပြီထင်သည်။ပြီးတော့ ကင်မ်ဂျွန်ကယူဆိုသည့်နာမည်က တော်ဝင်စကားဝိုင်းထဲမှာ ဝင်ပါလာရတာလဲ။ဆိုးဂျောင်ဟွမ်း နားမလည်စွာ မျက်မှောင်ကြုံ့လိုက်၏။

ပြီးတော့ အသက်ပြင်းပြင်းရှူလိုက်ရင်း ဟာရူ့နောက်ကျောကို ကြည့်ကာ ဘွားကိုအရိုအသေပေးကာ ‌ပြုံးလိုက်ပြလိုက်သည်။အနီရောင်ကော်ဇောကို နင်းဖြတ်ကာ ပယင်းရောင်သန်းနေသည့် သစ်လုံးပုံထိုင်ခုံတစ်ခုမှာ ဟန်ပါပါ ဝင်ထိုင်လိုက်သည်။ထိုအခါ ဟာရူက အံ့ဩနေဟန် လှည့်ကြည့်လာသည်။

“အငယ်လေး-”

“ဟာရူ ရောက်နေတာကို ကျွန်တော်တောင် မသိလိုက်ပါလား။ဟန်းဂုမှာ ပျော်နေပုံထောက်လို့ အများကြီး ချောလာတယ် ထင်တယ် ဟာရူ”

“ကိုယ်နဲ့မဆိုင်တဲ့ စကားဝိုင်းမှာ ဝင်ထိုင်တာ တော်ဝင်မင်းသားတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး အငယ်လေး”

ဘွား အပြောကြောင့် အလှဆုံးအပြုံးတစ်ချက် ပြုံးလိုက်သည်။တော်ဝင်မင်းသားတစ်ပါး၏ ဂုဏ်ပုဒ်လို့ ကိုင်ပေါက်ရလောက်တဲ့အထိ ဆိုးဂျောင်ဟွမ်းဟာ ဘွားအတွက် အရေးပါသည့် မြေးစာရင်းထဲတွင် ပါမနေခဲ့။ထို့ကြောင့်လည်း ဆိုးဂျောင်ဟွမ်းဟာ အရာရာကို ဂရုစိုက်ခြင်းမရှိ။

“ကျွန်တော်က နာမည်ပဲရှိတဲ့ လူတစ်ယောက်မို့လို့ မလိုက်နာနိုင်ဘူး ဘွား။ဟာရူက ကျွန်တော့်အစ်ကိုတော်- ဒီကြားထဲမှာ ဘွားရဲ့ ချည်ချင်သမျှကြိုးနဲ့ချည်ပြီး ဖြတ်ချင်ချင်တိုင်း မပြတ်ဘူး။ဒီလောက်ပဲ ဟာရူ့ကို ချုပ်ကိုင်ပါ။နောက်ထပ်အရာတွေနဲ့ ဆက်ချည်မယ်ဆိုရင် ကျွန်တော့် အဆိုးမဆိုနဲ့။ကျွန်တော်က ဘွားထင်သလို ချုပ်ကိုင်လို့မရဘူး”

“ဆိုးဂျောင်ဟွမ်း-”

“အငယ်လေးကို ဘွားမအော်နဲ့၊အငယ်လေးပြောသမျှအမှန်တွေပဲမို့ ဘွားက ကြောက်နေတာလား!”

𝐈'𝐥𝐥 𝐆𝐞𝐭 𝐃𝐨𝐰𝐧 ♡︎𝐧 𝐌𝐲 𝐊𝐧𝐞𝐞𝐬Where stories live. Discover now