ဂျွန်ကယူ လက်အိတ်ကို စွပ်လိုက်ရင်း ကုတင်ပေါ်မှာ ထိုင်နေတဲ့ လူနာ၏ ဘယ်ဘက် ပုခုံးပေါ်ကို အရက်ပြန်ဖြင့် ခပ်ဖွဖွလေးသုတ်လိမ်းလိုက်မိသည်။အနာက ပွန်းပဲ့ သွားရုံလောက်ဆိုပေမယ့် အက်ဆီးဒန့် ဖြစ်တာကြောင့် ဂျွန်ကယူ ဝင်ပြီး ကူညီရုံသာ။
"ဒေါက်တာက ချစ်စရာလေးဗျာ"
ကိုရီးယားလေသံ ဝဲတဲတဲလေးဖြင့် ပြောလာတဲ့ ကောင်လေးကြောင့် ဂျွန်ကယူ ပြုံးရုံသာ။ဒီလိုမျိုးတွေက နေ့စဉ်ဘဝမှာ အမြဲလိုလို ဖြစ်နေတော့ အဆန်းမဟုတ်တော့။
"စကားပြောတာ ကြည့်ပြော "
"မင်းကို ပြောတာ မဟုတ်လို့ မနာလိုနေတာမလား"
အနောက်က ဂျောင်းဝူ၏ အပြောကြောင့် ထိုကောင်လေးက ရုတ်ရုတ်သဲသဲ။ဂျွန်ကယူ လုပ်လက်စကို အမြန်လက်စသပ်ရသည်။မဟုတ်ရင် ဒီနှစ်ကောင် ထကိုက်ကြတော့မှာ။
"မနာလိုရအောင် ခင်ဗျားက ကျွန်တော့်ရည်းစားမှ မဟုတ်တာ"
"ဂျောင်းဝူ မင်းအပြင်ထွက်လိုက်တော့"
ဂျွန်ကယူ လက်ကာပြလိုက်ရင်း ဆေးထည့်ကာ ပတ်တီးကို ခပ်တင်းတင်းပတ်လိုက်၏။ပြီးခါနီးပြီမို့ ဂျောင်းဝူကလည်း အထွန့်တက်မနေပဲ ကန့်လန့်ကာကို ဖယ်ရင်း အပြင်သို့ ထွက်သွားလေသည်။
"နာမည် ဘယ်လိုခေါ်လဲ ဒေါက်တာ ကျွန်တော်က ကင်မ်ဒိုယောင်း"
ဂျွန်ကယူ မျက်လုံးတွေကို လှန်ကြည့်လိုက်တော့ ထိုကောင်လေးဟာ မျက်လုံးလှလှလေးတွေနဲ့ ငေးကြည့်နေတာ။ပုလဲတွေလို စီတန်းနေတဲ့ သွားတန်းညီညီတွေဟာ ဂျွန်ကယူကို အလှဆုံးပြုံးပြနေသေးသည်။
"ဒေါက်တာ ကင်မ်ဂျွန်ကယူ..."
"ဒေါက်တာကင်မ် ခေါ်မယ်လေဗျာ"
"ရပါတယ်...နောက်နှစ်နာရီလောက်ကျရင် အိမ်ပြန်လို့ရပါပြီ လူနာကင်မ်ဒိုယောင်းရှီ"
ပြုံးကြည့်နေတဲ့ အပြုံးလေးတွေဟာ နံနက်ခင်းနေရောင်တွေလို ဖြာကျနေပါ၏။ဂျွန်ကယူ မသိချင်ယောင် ဆောင်လိုက်ရင်း လှည့်ထွက်တော့ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်တဲ့ ကောင်လေး။