“ငါ လမ်းမလျှောက်နိုင်တော့ဘူးထင်တယ် မောင်ရာ”
တွဲဆက်ထားတဲ့ လက်တွဲကို မဖြုတ်ပဲ လှေကားထစ်တွေပေါ်မှာ ထိုင်ချလိုက်သည့် ဂျွန့်ကြောင့် ဟာရူတိုလည်း ထိုနည်းတူစွာ ဂျွန့်ဘေးမှာ ထိုင်လိုက်၏။မီးရောင်အောက်မှာ မြင်နေရတဲ့ ဂျွန့်မျက်နှာလှလှလေးပေါ်မှာ တင်ကျန်နေတဲ့ ချွေးစက်အချို့ကို လက်မဖိုးနှင့် သုတ်ပေးလိုက်၏။
ပြီးတော့ လက်တွဲမဖြုတ်တဲ့ လက်ဖဝါးလေးပေါ်ကို ဟာရူတို၏လက်ဖဝါးကို ထပ်တင်လိုက်သည်။နှစ်ယောက်သား တောင်ပေါ်ကို လမ်းလျှောက်ဖို့ ရွေးခဲ့တာ။အခုတော့ တောင်ထိပ်မရောက်ခင် လှေကားထစ်မှာ ပူးကပ်ထိုင်နေရပြီ။
“မောင် ကုန်းပိုးမယ် ဂျွန်။အခုတော့ အမောဖြေဦး”
ဟာရူတို ပြောလိုက်ရင်း ဂျွန့်မျက်နှာလေးကို ငေးကြည့်လိုက်သည်။မောနေပြီး ရင်ခုန်သံတွေ မြန်နေတဲ့ ဂျွန်ဟာ အသက်ကို အလုအယက်ရှူနေရသည်။ဟာရူတိုတွေးလိုက်မိတဲ့အရာ သူတို့နှစ်ယောက် နမ်းပြီးတဲ့ အချိန်တိုင်း ဂျွန်က ထိုကဲ့သို့ ပြုမူတက်သေးတာ။
“မောင့်ကို နမ်းချင်လာအောင် လုပ်နေတာလား ဂျွန်”
“ဘာကို...”
“ဘာမှ မဟုတ်ပါဘူး ချိုချဉ်စားမလားလို့ မေးတာ”
ပြောလိုက်တဲ့စကားကို မကြားပဲ မေးလာသည့် ဂျွန့်ကြောင့် လောင်းကုတ်ထဲမှာ ထည့်ထားသည့် ချိုချဉ်လေးကို ထုတ်ကာ လက်ဖဝါးပေါ်ကို တင်ပေးလိုက်၏။ထိုအခါ ဟာရူတို၏ပါးပြင်တစ်ဖက်ဟာ နွေးခနဲ။
“ချိုချဉ်ပေးလို့ လက်ဆောင် ပြန်ပေးတာ”
“ကျေးဇူးပါဗျာ”
“ကျေးဇူးတင်ရင် ကုန်းပိုးတော့...အချစ်လေး”
ဂျွန့် အပြောကို ဟာရူတို သဘောကျစွာပင် ပါးဖောင်းဖောင်းလေးကို ဖျစ်ညစ်ပစ်လိုက်သည်။ဆူထွက်လာသည့် နှုတ်ခမ်းလေးကြောင့် မသိချင်ယောင်ဆောင်ကာ ဂျွန့်အရှေ့မှာ ဒူးထောက် ထိုင်ချလိုက်၏။
ကျောပေါ်ကို ရောက်လာသည့် ဂျွန့်ကိုယ်လေးဟာ ဟာရူတို အတွက် အမြတ်တနိုး။လည်ပင်းကို ပွေ့ဖက်လာပြီး ဆံပင်တွေနှင့်အတူ လည်တိုင်ကို နှာဖျားနစ်ဝင်အောင် နမ်းတက်သည့် ဂျွန့်ကြောင့် ဟာရူတိုဟာ တိတ်ဆိတ်နေပြီဖြစ်သည်။