CHAPTER -4|U+Z

190 39 6
                                    

ဂျောင်းဝူ လက်ဖဝါးတွေကို တွန်းတိုက်ရင်း စီနီယာ၏ အိမ်တံခါးကို ခေါက်လိုက်မိသည်။အရေးကြီးတာ မဟုတ်ပေမယ့် စီနီယာကို အကူအညီတောင်းရမည်လေ။ဘဲလ်တီးလိုက်တော့ လာဖွင့်ပေးသူက စီနီယာ၏ ရည်းစားဖြစ်သူ။

"မင်္ဂလာပါ ... စီနီယာကင်မ်ဂျွန်ကယူနဲ့ တွေ့ချင်လို့ပါ"

"အိပ်နေတုန်း...စောင့်နိုင်မယ်ဆိုရင် အထဲကို ဝင်စောင့်ရလိမ့်မယ်"

"ဒါဆို ဝင်မယ်နော်..."

အဖြူရောင် တီရှပ်အပွကြီးနဲ့ မီးခိုးရောင် အားကစားဘောင်းဘီတိုကို ဝတ်ထားတဲ့ စီနီယာ၏ ရည်းစားက အိပ်ယာထဲက ထလာတာတောင် ကြည့်ကောင်းနေဆဂျပန်လူမျိုးဖြစ်တာကြောင့် မေးရိုးထင်းထင်းတွေဟာ ရူးလောက်ချင်စရာ။

ဒီလို နှစ်ယောက်မရှိတဲ့ မျက်နှာမျိုးကို စီနီယာက သဘောကျသည်ထင်ပါသည်။ဘာပဲဖြစ်ဖြစ် ကံကောင်းလိုက်တာ...စီနီယာက သူမှ သူဖြစ်နေတာလေ။

"ဘာသောက်မလဲ"

"ရေပဲ ပေးပါ...ဒါနဲ့ စီနီယာက ဘယ်အချိန် အိပ်ယာထလဲ"

ပုခုံးတွန့်ပြတဲ့သူကြောင့် ဂျောင်းဝူ မျက်မှောင်ကြုံ့လိုက်မိသည်။ဒီအဓိပ္ပာယ်က သူမသိဘူးဆိုတဲ့ အပြုအမူ။တွန့်တိုလိုက်တာ။

"စီနီယာနဲ့ ခင်ဗျား နှစ်ယောက်တည်း နေတာပေါ့"

"ဘယ်နှစ်ယောက် နေတာတွေ့လို့လည်း ပတ်ခ်ဂျောင်းဝူ...မဆိုင်ရင် မမေးပါနဲ့"

ကိုယ်ရေးကိုယ်တာကို မမေးရဆိုသော ဆိုင်းဘုတ်ကို ချိတ်ထားသည့်ပုံ။စီနီယာနဲ့ ပတ်သက်ရင် သိပ်ကို အထိမခံ အလက်ဂျစ်ဖြစ်နိုင်သည့် အငွေ့အသက်တွေကလည်း အခန်းတွင်းကို လွှမ်းခြုံလာတာကြောင့် ဂျောင်းဝူ ဆိုဖာပေါ်မှာ တိတ်တိတ်လေး ထိုင်ချလိုက်ရတော့သည်။

မလွယ်ဘူး...။

"ပိတ်ရက်အထိ အလုပ်ကိစ္စသယ်လာတာ မင်း ‌လိပ်ပြာလုံရဲ့လား"

ဟာရူတို ရေဗူးကို ခုံပေါ်ကို တင်လိုက်ရင်း ပြောလိုက်တော့ ပတ်ခ်ဂျောင်းဝူဟာ နှုတ်ခမ်းတွေ မသိမသာ တုန်ယင်သွားတာကိုဟာရူတို သတိပြုမိသည်။အနည်းငယ် စိမ်းသက်သည့် လူနှစ်ယောက်ဖြစ်တာကြောင့် စကားစဖို့ ခက်ခဲပါ၏။

𝐈'𝐥𝐥 𝐆𝐞𝐭 𝐃𝐨𝐰𝐧 ♡︎𝐧 𝐌𝐲 𝐊𝐧𝐞𝐞𝐬Where stories live. Discover now