ဖုန်းမျက်နှာပြင်မှာ ပေါ်နေသည့် အနီရဲရဲ ဖုန်းကောလ်တွေထဲမှာ ချစ်ရသူ၏ ဖုန်းကောလ်က ထိပ်ဆုံးက ဖြစ်တာကြောင့် ဟာရူတို မသိမသာ ပြုံးလိုက်ရင်း ချက်ချင်းပင် လှမ်းကာ ခေါ်လိုက်တော့သည်။
ပရောဂျက် ကိစ္စတွေနဲ့ တစ်နေ့လုံးမအားတဲ့အပြင် လိုအပ်တဲ့ ကိစ္စမှန်သမျှကို ကင်မ်ဒိုယောင်းနှင့် တိုင်ပင်နေရသည်။ကိုရီးယားကနေ လက်ရှိအခြေအနေမှာ ဟာရူတို ပြေးမထွက်ချင်။
“ဟဲလို မောင့်အချစ်”
"မောင် ဒီညနေ မအားဘူးမလား။အခု ညစာ စားဖို့ အပြင်ရောက်နေတာ"
“မောင် မအားဘူးလို့ မပြောမိဘူးလေ ဂျွန်ရဲ့။အခု မောင် အလုပ်ဆင်းလာပြီ။ဂျွန် အခုဘယ်မှာလည်း မောင် လာခေါ်မယ်”
အနည်းငယ် ငြိမ်သက်သွားသည့် ချစ်ရသူ၏ အသံငယ်လေးဟာ ခပ်အုပ်အုပ်ပင် တဖက်သူကို မေးနေပုံရ၏။ဟာရူတိုရဲ့ အသက်ရှူသံတွေဟာ အဆမတန် မြန်လာရသည်။ဂျွန်က အခြားတစ်ယောက်နဲ့ ရှိနေသည်တဲ့လေ။
"ဟန်မြစ်နားမှာ...။မောင်လာခဲ့လိုက်လေ"
“လမ်းဘေးဆိုင်လား”
"အင်း...မောင်သာ အမြန်ရောက်အောင်လာခဲ့လိုက်"
“မောင့်ကို စောင့်နေ ဂျွန်”
ဟာရူတို ဘာမှ ဆက်မပြောတော့ပဲ ချစ်ရသူရှိရာကိုပဲ အမြန်ဆုံး မောင်းထွက်လိုက်တော့သည်။အနည်းငယ် ကွာဟနေသော ဆက်ဆံရေးမှာ အဖုအထစ် အစွန်းအထင်းတွေ ရှိနေမှာကို ဟာရူတို မလိုလားချေ။
မလိုလားအပ်တွေ အရာတွေ ဖြစ်လာမယ်ဆိုရင် ဟာရူတို ဘာလုပ်မိမလဲ မသိဘူး။သေချာတာ တစ်ခုကတော့ ရူးမိုက်မိမှာပဲ။ရူးမိုက်မိတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ရိုးရှင်းပါရဲ့။
ဝါတာနာဘယ် ဟာရူတိုရဲ့ ပိုင်ဆိုင်မှု အများကြီးထဲမှာမှ ကင်မ်ဂျွန်ကယူဆိုတဲ့ အဖိုးတန်အမျိုးသားက တန်ဖိုးအကြီးဆုံးလေ။ကိုယ်သင်းရနံ့လေးတောင် ပျောက်ပြယ်ခွင့် မပေးဘူး။
မီးရောင် ဝါဝါလေးအောက်မှာ ထိုင်နေတဲ့ လူရိပ်နှစ်ရိပ်။ပြုံးရယ်နေတဲ့ အရိပ်လေးဟာ ချစ်ရသူ၏ ပုံရိပ်ဆိုတာ သိသာသည်ထက် သိသာလှပါသည်။ဟာရူတို ကားရပ်သည့် နေရာမှာ ကားကို အကျအန ရပ်ပြီး ခပ်မှန်မှန်ပင် မြစ်ဘက်ကို ဦးတည်နေတဲ့ ချစ်ရသူဆီသို့ ဦးတည်လိုက်တော့သည်။
![](https://img.wattpad.com/cover/351468701-288-k19305.jpg)