part 1

4.2K 40 0
                                    

နွေရာသီပိတ်ရက်မို့ အမေစီစဥ်ပေးတဲ့သင်တန်းတွေကို
တစ်ခုပြီးတစ်ခုလိုက်တက်ပေးရသည်
အခုလည်း ကွန်ပြူတာနဲ့ အင်္ဂလိပ်သင်တန်းတဲ့
ဘေးအိမ်က ကောင်လေးတစ်ယောက်တောင် ကွန်ပြူတာဂိမ်းဆော့ရင်းတတ်လာတာကို မားသားကတော့
ဘာနေနေ သင်တန်းကောက်လွတ်သည်။

မိုးရေ !!!မိမိုး!!
ဟဲ့ထပါအုံး....မိုးကနင့်ဖင်တက်ဆောင့်နေပြီဟဲ့ ခုထိမထသေးဘူးလား ...ဒေါ်မိုးခါးရေ!!

ထုံးစံအတိုင်း အမေကတော့ ခုနှစ်အိမ်ကြားရှစ်အိမ်ကြား အော်ခေါ်ပြီလေ!!!ငယ်ငယ်ကတည်းက အမေရဲ့သီဆိုသံကြားလာပြီမို့ ဒီလောက်လေးနဲ့တော့ မိုးခါးမဖြုံသေးပါ!!!

ဒေါက်!!!ဒေါက်!!!ဒေါက်!!

"ဒေါ်မိုးခါး ညည်းထမလား ငါ တံမျက်စည်းဒုတ်နဲ့လာရမလားဟမ်....ထစမ်းဟေ့!!!ဒီမှာ နှစ်အိမ်ကျော်က လူသစ်ပြောင်းလာလို့ အိမ်တက်ပွဲ ရှိလို့ငါသွားရမှာဟဲ့ ညည်းတစ်ခါတစ်လေလေး စောစောထစမ်းပါဟာ!!!!

မိုးခါး နေ့တိုင်းပြောနေတဲ့အမေစကားကိုအလွတ်ရပေမယ့် ညက ဂိမ်းအသေဆော့ထားတာကြောင့် မထနိူင်ခဲ့ပါ!!!အမေဘယ်ချိန်သွားလိုက်လဲမသိ အိပ်မက်ကမ္ဘာထဲမှာ သူမကတော့ သာယာနေတုန်း!!

ဒေါက်!!! ခလွမ်း!!!

!အမလေး ဗုဒ္ဓေါ !!!အိမ်ပြိုပြီလား အမေရေ!!!

ဂေါက်ကနဲ ထထိုင်ကာ ပစပ်မှာလည်း ဘာတွေရွတ်ဆိုမိမှန်းမသိ မျက်စိအတင်းဖွင့်ကြည့်တော့ သူမအခန်းကပြတင်းပေါက်မှန်တံခါးကွဲသွားခြင်းသာဖြစ်သည်၊၊

ပြတင်းပေါက်ကို ဖွင့်ကြည့်‌ေတာ့....
ကောင်လေးလေးငါးယောက်က ဘောလုံးကန်နေကြခြင်းဖြစ်သည်၊၊

" ဟဲ့ကောင် ခွန်းစစ်...နင်တို့က ဘာလုပ်‌ေနတာလဲဟမ် ငါ့ပြတင်းပေါက်ကိုလာထိနေတာမမြင်ဘူးလား!!!

" ဆောရီး မိုးခါးရေ ...နင်ပြတင်းပေါက်ကို ညကျ အန်တီကို ပြောပြီး ပြင်လိုက်ပါမယ်နော်!!!
လောလောဆယ် ငါ့ကို ဘောလုံးလေးပေးပါအုံး
ဒီမှာပွဲကောင်းနေလို့!!!

"မပေးဘူး!!!

"ဒီလိုမလုပ်နဲ့...ဒီမှာတကယ်ပွဲကောင်းနေလို့ပါကွာ..."

အချစ်ကပေးတဲ့အပြစ်ဒဏ်Where stories live. Discover now