part 14

780 9 0
                                    

အချစ်ကပေးတဲ့အပြစ်ဒဏ်

Part 14

ဒါက ဘယ်လိုဖစ်တာလဲ
ဘယ်သူတင်တာလဲ ပြောကြစမ်း

ဒုန်း!!!

အမေ့!!!

မန်နေဂျာရဲ့ ဒေါသက ဌာနတစ်ခုလုံးမှာ ဘာသံမှမထွက်ရဲကြတော့ပါ

မင်းတို့ ဝန်ခံမလား မဝန်ခံဘူးလား
တောက်!!!

ဂျာကြီး မိုးခါးကိုမေးကြည့်ပါလား

မိုးကလည်း  နစ်နာသူပါ

မန်နေဂျာလည်း မျက်နှာမကောင်းပါ
ပိုဆိုးတာက မိုးခါးပင် အလုပ်ကလူတွေဟာ မိုးခါးကိုကြည့်ကာမျက်နှာမဲ့လျက်

အကြံနဲ့ဖန်ချင်လို့ သူဘာသူတင်တာလဲ ဖစ်နိူင်တာဘဲ

တိတ်စမ်း ...မင်းတို့ အတင်းပြောမယ့်အစား
အလုပ်ပေါ်မှာ စိတ်နှစ်ထားကြပါလား

မန်နေဂျာထိုသို့ပြောတော့ ဘယ်သူမှအသံမထွက်တော့ပါ ဆုထူးမြတ်လည်း မိုးခါးကိုပခုံးကိုတစ်ချက်ပုတ်ပြီး ကြိုးစားထား !!!ဆိုတဲ့အကြည့်နဲ့ ကြည့်ပြီး ထွက်သွားတော့သည်

မိုးခါးပျော်ရွှင်စွာ ရုံးကို လာခဲ့ပေမယ့်
သူမကို ကြည့်ပြီး အတင်းပြောနေကြတာကို နားမလည်ပေ နောက်မှ မန်နေဂျာက ခေါ်ကာ လူစုပြီး ပြောတော့ အမဆုထူးမြတ်က သတင်းကိုပြလေသည်
ပုံရိုက်ထားတာ တော်သည် အမဆုထူးမြတ်ရှိသည်ကို မထင် သူမနဲ့ မန်နေဂျာ မသိရင် ဖက်မှီနေသလိုပင်

ကျစ့်!!!ရူးလိုက်တာ
ဒါကိုယုံတဲ့သူလည်းရှိသေးတယ် !!!
ဟူး!!

မိုးခါး ခေါင်းခါရင်း စိတ်ထဲမထည့်စွာပင် ဝေဖန်သံတွေရော မဟုတ်မဟပ်သတင်းတွေရော မိုးခါးစိတ်မဝင်စားပါ သူမဟုတ်ရင်ပြီးရော ဆိုပြီး သူမအမြဲတမ်း မမြင်သလိုမကြားသလိုသာနေနေတတ်သည်မို့ အခုသတင်းကလည်း သူမ ဥပေက္ခာပြုထားသည်

မိုး !!!

အနောက်ကခေါ်သံကြောင့် သူမလှည့်ကြည့်တော့
ထုံးစံအတိုင်း လှပတဲ့ပန်းတစ်ပွင့်လို
ဖူးပွင့်စွာလှနေတဲ့ဖြူစင်ပင်

အေး ...ဖြူစင် ...ငါတို့ဌာနကို ဘာကိစ္စရှိလို့လဲ

ငါသတင်းကြားပြီးပြီ
ဘယ်လိုဖစ်တာလဲဟင် ငါကိုကူညီလို့
နင်အခုလိုသတင်းထွက်ရတာမလား
ငါတောင်းပန်ပါတယ် အဟင့်

အချစ်ကပေးတဲ့အပြစ်ဒဏ်Wo Geschichten leben. Entdecke jetzt