"ကျွန်တော်သဘောမတူဘူးမာမီ...ကျွန်တော်မီးငယ်အိမ်ကထွက်လာဖို့
မနည်းစောင့်နေရတာ "
"သမီးငယ်လည်း ခေါင်းငြိမ့်တယ် တကယ်လို့
နင်ဒီလိုအတင်းကျပ်လုပ်နေရင်သမီးငယ်ကို
တွေ့ရဖို့မျှော်လင့်မနေနဲ့ဂုဏ်သဏ္ဍာန်
သမီးငယ်ကိုဒီလိုထိန်းသိမ်းထားဖို့
မင်းကိုဘယ်သူကသင်ပေးလိုက်တာလဲ"
ကျွန်တော်!!
"ဘယ်လိုဖစ်ဖစ် သမီးကို ပင်မcompany ထဲခေါ်ဖို့စီစဉ်ပြီးပြီ ...ကလေးကလားမဆန်စမ်းပါနဲ့ငါ့သား"
ဂုဏ်လည်း ဘာမှပြောလို့တောင်မရ
မာမီက တဇွတ်ထိုးသမား တားမရတော့
ဂုဏ်လည်းလွတ်ထားရတော့သည်
မိုးခါးလည်း ပြန်လာတော့ M.Kပင်မအလုပ်ဌာနကို ရှာကြည့်ချိန်မှာ....နာမည်အကြီးဆုံး company ဆိုတာသိလိုက်ရသည် ... ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်ပြီး ဒီဇိုင်းဌာနကိုလည်း မိုးခါးစိတ်ဝင်တစားကြည့်လေသည်
"မိုက်လိုက်တာ အန်တီနှင်းဆီက
အရမ်းတော်တာဘဲ...ငါလည်းပင်မ company
ထဲဝင်ရင် ဘယ်ထဲ ကျမှာပါလိမ့်...."
ထိုည မိုးခါးက နှစ်နာရီလောက်မှအိပ်ပျော်ကာ
မနက်ကျတော့လည်း မနက်ခင်းရင်ခုန်စွာ
ပြင်ဆင်ထားပြီး M.Kရဲ့ ပင်မ company ဆီသွားလေသည် ....
"မင်္ဂလာပါ....ကျွန်မ ဟို အန်တီနှင်းဆီကိုလာတွေ့တာပါ"
ကောင်တာမှာ သူမကိုမျက်မှောင်ကျုပ်ကာ မယုံသလိုကြည့်နေတဲ့အကြည့်ကြောင့်နေရခက်စွာပင်
ဂျင်းဘောင်းဘီအမဲအပွဝတ်ဆင်ထားပြီး အပေါ်ပိုင်းမှာ အဖြူရောင်ရှပ်နဲ့ လက်ရှည်အပါးသာ ဝတ်ထားကာမျက်နှာပေါ်မှာ မိတ်ကပ်ပါးပါးလေးနဲ့ မျက်မှန်ဝတ်ထားပြီး လက်ပေါ်ကာ ဘာစာရင်းကိုင်ထားမှန်းမသိတဲ့ကောင်မလေးကို အလုပ်က ကောင်မလေးတွေ မျက်မှောင်ကြုတ်ကြည့်နေတာလည်းမမှားပေ