part 12

459 11 0
                                    

ဖြူစင် နင်လည်း ငါရဲ့နေရာမှာအလုပ်လုပ်ရပီ

တကယ်လား ...ပျော်လိုက်တာ မိုးရယ်
ကျေးဇူးတင်ပါတယ်....

မလိုပါဘူး သူငယ်ချင်းတွေဘဲ...

မိုးခါးလည်းကိုကိုက သူမကိုမျက်နှာလိုက်ပြီး
သူမသူငယ်ချင်းကိုအင်တာဗြူးမဖြေစေဘဲ
အလုပ်ခန့်ပေးလိုက်သည်လေ မိုးခါးတွေးကာပြုံးရင်း

မသိတာရှိရင် ငါ့ကိုမေးနော် သူငယ်ချင်း

အင်း အင်း

ဖြူစင်အရမ်းပျော်သွားသည် ချစ်တဲ့လူကြီးနဲ့တွေ့ရတော့မှာကိုပေါ့....
ထိုနောက် မိုးခါးကဘဲ ဖြူစင်ကိုအစစအရာရာကူညီပေးကာ....

တီ!!!တီ!!!!

Hello ကိုကို

မီးငယ် သူငယ်ချင်းနဲ့အလုပ်လုပ်ရတာအဆင်ပြေလား
မီးငယ်တို့ဘာတွေလိုသေးလဲ

ဘာမှမလိုဘူးကိုကို...ဖြူစင်အလုပ်နားလည်အောင် မီးငယ် အကုန်ရှင်းပြပြီးပြီ....

ဒါဆို နေ့လည်စာအတူတူစားရအောင်မီးငယ်

ဟိ...ကိုကိုသဘော....

မနေ့ကဘဲ တွဲတဲ့ချစ်သူအသစ်စက်စက်လေးကို
ဂုဏ်အချစ်တွေပိုကာ အဆက်သွယ်ကတဆင့်အမြဲ
ဂရုစိုက်ပေးသလိုအပြင်မှာလဲ လိုလေသိပ်မရှိအောင်
ဖူးဖူးမှူတ်ချစ်သည်...

နာရီဝက်မကြာပါ ...မီးငယ်ကိုစာပို့ကာ
သူမလေးအောင်ကိုဆင်းလာခဲ့သည်

မီးငယ် ဘယ်ဆိုင်သွားစားချင်လဲ
ကိုကိုလိုက်ပို့ပေးမယ်

ခနလေး ကိုကို မီးငယ်သူငယ်ချင်းကိုမေးမယ်
သူအဖော်မရှိလို့ မီးငယ်နဲ့တူတူစားချင်တယ်တဲ့

ဟမ်...

ဂုဏ်လည်း မီးငယ်သဘောရှိသလို သူမသူငယ်ချင်းကိုစောင့်လိုက်သည် ...မကြာပါ ယဉ်ယဉ်လေးနဲ့ ဆံပင်ကိုသပ်ကာ အောက်ဆင်းလာပြီး...

အားနာလိုက်တာမိုးရယ်
ငါကြောင့်အနှောက်ယှက်ဖစ်နေရပီ

မဟုတ်တာ  လူများတော့ ပျော်စရာကောင်းတာပေါ့
နော်...ကိုကို

အမ်...အင်း

ဖြူစင်အရှေ့ကလူကြီးကိုသာငေးမိသည်
တစ်ဆက်တည်းမှာ လူကြီးကိုပိုင်ဆိုင်ရတဲ့မိုးခါးကို
မနာလိုနေမိပြန်သည်
သုံးယောက်သားစားသောက်ဆိုင်သွားကာ
မိုးခါးက ဖြူစင်အကြိုက်ကိုဦးစားပေးသည်

အချစ်ကပေးတဲ့အပြစ်ဒဏ်Tahanan ng mga kuwento. Tumuklas ngayon