part 4

804 15 0
                                    

"အင့်.....ခေါင်းကိုက်တယ်!!!

"နိုးလာပြီလား...ဘယ်လိုနေသေးလဲ....ဘယ်နားအဆင်မပြေတာရှိလဲမီးငယ်...."

"သမီးခေါင်းကိုက်တယ်ကိုကို...ဗိုက်လည်းဆာနေပြီ...."

"ဟမ်!!!
ဒီမှာ ခုနက လောလောလတ်လတ်ချက်ထားတဲ့ဆန်ပြုတ်..."

"ကိုကိုခွံ...."

"အင်း....အင်းပါ...."

တကယ်ပါဘဲ ကလေးမက သူကိုကပ်လွန်းတာမို့ ဂုဏ်မျက်နှာနီရဲသွားတော့သည်...ဂုဏ်လည်း သူမစားနိူင်သလောက် ခွံကျွေးပြီးကာ....

"ကိုဒီနေ့က company သွားရမယ် မီးငယ်...မာမီနဲ့လိမ်လိမ်မာမာ‌နေခဲ့နော်..."

"ဟုတ်...ကိုကိုမြန်မြန်ပြန်လာနော်...."

ဂုဏ်လည်းပြုံးရုံသာပြုံးကာ အလုပ်နှစ်ရက်‌ေလာက်မလုပ််တာနဲ့ စာရင်းတွေပုံကာများလွန်းတာမို့ company ကို စောစောထွက်လာခဲ့လိုက်သည်
ဒါတောင်မှ ကလေးမက မျက်စိကလည်ကလည်နဲ့ သူနဲ့လိုက်ချင်လို့ကြည့်နေသည် ။

ဂုဏ်မရှိတဲ့ခါမှာ သူမပျင်းလို့ထင်ပါရဲ့ ဒေါ်နှင်းဆီလုပ်သမျှကို ...အဲတာဘာလဲဟင်!!!! ဆိုပြီး လိုက်မေးနေသည်.....ဒေါ်နှင်းဆီ ပန်းထိုးတာကြည့်လိုက် လိုက်လုပ်လိုက်နဲ့ လုပ်သမျှလိုက်လုပ်တာမို့ သူမမှာမအားလပ်ပါ....

ညနေခင်း ဂုဏ်ပြန်လာတော့လည်း ဂုဏ်ဆီပြေးဖက်ကာ.....

"ကိုကို ...ကိုကိုအတွက် သမီးပန်းတွေထိုးထားတယ် ချိုချဉ်လည်း လုပ်ထားတယ်...မာမီကပြောတယ်....
ကိုကို့ကိုကျွေးရမယ်တဲ့...သမီးလုပ်တာစားမယ်မလားဟင်...."

"စားမယ်နော်....သမီးလုပ်တာကိုကိုစားရမယ်နော်...."

ဂုဏ်လည်း သူမဆွဲခေါ်ရာ လိုက်ကာ လုပ်ထားသမျှတွေ လိုက်မြည်းပေးရသည် ...
ဂုဏ်မြည်းပြီးတာနဲ့ သူမဆီလှည့်ကာ....

"မီးငယ်အတွက်အသုံးဆောင်ပစ္စည်းဝယ်ပေးလာတယ်
မိန်းကလေးတွေလိုအပ်တာအကုန်ပါလာတယ်
မီးငယ်သွားကြည့်လိုက်ပါဘာများလိုသေးလဲလို့...."

"တကယ်လားကိုကိုအရုပ်တွေရောပါလာဟင် မီးငယ်မနေ့ကမာမီနဲ့ကြည့်ထားတာဝက်ဝံ‌ေလးကိုအရမ်းကြိုက်တယ်ပါလာလားဟင်...."

အချစ်ကပေးတဲ့အပြစ်ဒဏ်Where stories live. Discover now