part 7

1.2K 15 0
                                    

"မမနာမည်က ဘယ်လိုခေါ်လဲ မမမှတ်မိရဲ့လားဟင်...."

"အွန်....
မင်းသမီးလေး မဟုတ်ဘူးလား....."

"မဟုတ်တာ ဘယ်သူမှဒီလိုမျိုးနာမည်မရှိဘူးမမရဲ့....
မယုံရင် ကိုကို့ကိုမေးကြည့် ကိုကိုဖြေပေးလိမ့်မယ်...
မမအသက် မမနာမည် မမရဲ့မာမီ မမဘယ်နားမှာနေတာလဲဆိုတာ ကိုကိုသိတယ်လေ...."

ထိုစကားတွေပြန်ကြားယောင်ရင်း
သူမကိုသူမပြန်ဆန်းစစ်ကာ.....

"ငါက ဘယ်သူလဲ...."

ငါကဘယ်သူလဲ!!!!

ကျစ်!!!

"စဉ်းစားလို့မရဘူး"

ဟိုလိမ့်ဒီလိမ့်လိမ့်ကာ ညသန်းခေါင်ယံကြီးမှာ ကားသံကြောင့် သူလည်း ထလာကာ ချောင်းကြည့်လိုက်တော့ အပြင်ကနေ ပြန်လာတဲ့ ကိုကို့ကိုကြည့်ကာ သူမပျှော်ရွှင်သွားသည်

"ကိုကိုလာရင် မေးရမယ်...."

ထိုသို့ရေရွတ်ကာ....အပြင်ကိုထွက်လာရင်း....
ဂုဏ်လည်း ကားကို ဂိုဒေါင်ထဲထည့်ပြီး အပေါ်တက်လာခဲ့လိုက်တော့သည် သူသောက်တာအတော်များသွားတာမို့ လူက ရစ်သီရစ်သီဖြစ်နေတုန်းပင်....

"ကိုကို...."

ဟင်!!!

"မီးငယ် မအိပ်သေးဘူးလား ....
ဒီချိန်ကြီး ဘာလုပ်နေတာလဲ...."

ကိုကို့ကိုစောင့်နေတာ!!!

"ဟော် လိမ်မာလိုက်တာကွာ....
အိပ်နှင့်ရောပေါ့မီးငယ်
ကိုကိုက နောက်ကျမယ်လို့ပြောထားတယ်လေ...."

"ဟို...မီးငယ်က...."

ပြောရမလားမပြောရဘူးလား စဉ်းစားနေတုန်း ကောက်ပွေ့ခံရ‌တာကြောင့်....

"အမေ့....ကိုကို...."

"အိပ်တော့ ကိုကိုအခန်းထဲချီသွားမယ်...."

ဟုတ်!!!

ဂုဏ်လည်ပင်းကိုသိုင်းဖက်ကာ
ဂုဏ်လည်ပင်းနားကို အနံ့ရှူရင်း....

"ကိုကိုအနံ့အရမ်းပြင်းတာဘဲ....
စူးပြီးတော့ မွှေးမွှေးလေး ခိခိ"

သူမရီသံလေးကို ဂုဏ်ကြားပေမယ့် အောက်ကိုပြန်ငုံ့မကြည့်မိအောင်ထိန်းနေရသည် ....
သူ မီးငယ်ကိုနမ်းချင်လွန်းလို့ အံပင်ကြိတ်ကာ...
သူမအခန်းရဲ့ကုတင်ပေါ်ကို ချပေးပြီး....

အချစ်ကပေးတဲ့အပြစ်ဒဏ်Where stories live. Discover now