Ep1

81 9 0
                                    

“ဒီနေ့က ဘယ်နှစ်ရက်နေ့လဲ?”

သူ ကျွန်တော့်ကိုမေးလာသည်။ ကျွန်တော် သတိလက်လွတ်နှင့် အမြန်ပင် ပြက္ကဒိန်ကို ကြည့်လိုက်ပြီး ပြန်ဖြေခဲ့သည်:“လဆန်း၇ရက်နေ့”

သူတိတ်ဆိတ်သွားသည်။ ကျွန်တော် အေးဆေးတဲ့အသံနှင့် ပြောလိုက်၏:“၃ရက်ထပ်ကုန်ပြီးရင် ၂လပိုင်း၁၄ရက် ချစ်သူများနေ့ ရောက်ပြီ”

သူက စိတ်ဓာတ်ကျနေသည့် အမူအယာဖြင့် လေးလံစွာ မတ်တပ်ရပ်လျက် အခန်းထဲသို့ ဝင်သွားခဲ့သည်။ချစ်သူများနေ့ကို ဖြတ်သန်းရမည် မဟုတ်ဘဲ *ချင်းမင်ပွဲတော်ကို ဖြတ်သန်းရတော့မည့်သကဲ့သို့ ဆင်တူလှ၏။ (*ချင်းမင်ပွဲတော်_ တရုတ်သင်းချိုင်းကန်တော့ပွဲ)

ဒါကြောင့် ကျွန်တော့်မျက်နှာပေါ်ရှိ အပြုံးတို့က တဖြေးဖြေးနှင့် ပျောက်ကွယ်သွားခဲ့ရသည်။

သူ့အတွက်ဆိုရင်လည်း ချင်းမင်ပွဲတော် ဖြစ်နေမှာ အမှန်ပါပဲလေ။

သူဒီနေ့ ကျွန်တော့်ကို စကားပြော၍ အလွန်ပင် ပျော်နေခဲ့ရသည်။ သူနဲ့ကျွန်တော် တစ်အိမ်တည်း အတူတူနေနေပေမဲ့ ကျွန်တော့်အပေါ် ကို စကားပြောတဲ့ပရိဘောဂတစ်ခုလိုပဲ ဆက်ဆံခဲ့သည်။ ကျွန်တော့်အပေါ်  တစ်ချက်လေးတောင် စိုက်ကြည့်ဖို့ရာ ခဲယဥ်းလွန်းသည်။

ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်သိပ်မတွေ့ဖြစ်ကြပေမဲ့ ဆက်ဆံရေးတစ်ခုက မတိုးတတ်လာဘဲ ဒီအခြေအနေထိ ရောက်သွားခဲ့ရတဲ့ အဖြစ်ကိုတော့ ဝမ်းနည်းမိလာသည်။

ကျွန်တော့်ကို သူဘာလို့ ဒီမေးခွန်းကို မေးခဲ့တာလဲဆိုတာကိုတော့ ကျွန်တော်ခန့်မှန်းမိပါသည်လေ။

ဘာလို့ဆို ရက်အနည်းငယ်ရောက်ရင် ကျွန်တော် သူနဲ့အတူတူနေခဲ့တာ တစ်နှစ်ပြည့်​​ပြီလေ။ ပြီးတော့ သူချစ်ရတဲ့သူ ပျောက်ကွယ်သွားတာလည်း တစ်နှစ်ပြည့်ခဲ့ပြီ။

ကျွန်တော်လည်း သူနဲ့အတူတူ ချစ်သူများနေ့ကို ဖြတ်သန်းချင်မိတယ်။

ဒါပေမဲ့ ကျွန်တော် ထုတ်မပြောဖြစ်ခဲ့ပါဘူးလေ။

ကျွန်တော်ပြန်လာခဲ့တဲ့ တစ်လပြည်တဲ့နေ့မှာပဲကျွန်တော်က သူချစ်ရတဲ့သူ မဟုတ်ဘူးဆိုတာကို ပြည့်စုံပြောင်မြောက်စွာနဲ့ ဖော်ထုတ်နိုင်ခဲ့တယ်။

他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်Where stories live. Discover now