Ep7 [Uni]

101 9 2
                                    


7

ကျိချင်းရဲ့အိမ်မက်ထဲတွင် သူချစ်တဲ့ အဲ့ဒီကျီအန်းက သူ့ရဲ့ဘေးနားမှာ အမြဲတမ်းရှိနေခဲ့သည်။

ပြီးတော့လည်း သူပြောနေသည့်ပုံအရ အဲ့ဒီကျီအန်းက ပြန်လာလိမ့်မယ်လို့လည်း သူအမြဲတမ်းယုံကြည်နေခဲ့သလိုပင်။ တစ်နည်းအားဖြင့် သူက ကျီအန်းပြန်လာလိမ့်မယ်လို့ အမြဲတမ်း ယုံကြည်ထားသည်။ ဒါကြောင့်ပင် သူက ကျွန်တော့်အား သည်းခံနိုင်စွမ်းနှင့် *ခေါင်းမော့မတွေ့သော် ခေါင်းငုံ့တွေ့နိုင်၏* ဆိုသည့် အကြည့်နှင့်ကြည့်ပြီး သူ့ချစ်သူနှင့် ကိုယ်ရည်ကိုယ်သွေးကွဲပြားနေကာ ခန္ဓာကိုယ်တစ်ခုတည်းကို မျှဝေသုံးစွဲနေသည့် ကျွန်တော်အား နေ့ရက်တိုင်း သည်းခံနေခဲ့သလိုပင်။
(*ခေါင်းမော့မတွေ့သော် ခေါင်းငုံ့တွေ့နိုင်၏* သူက ရုပ်ရှင်တွေထဲက ဗီလိန်နေရာတွေကို ရည်ညွှန်းပါတယ်တဲ့.. ခေါင်းမော့နေတုန်းမတွေ့နိုင်ပေမဲ့ ခေါင်းငုံ့လိုက်ရင်တော့ တွေ့နိုင်ပါတယ်တဲ့.. ဘယ်လောက်ပဲ အလိမ်အညာတွေဖုံးကွယ်ထားပါစေ တစ်ချိန်မှာ ပေါ်နိုင်တယ်.. ကိုယ်ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ တစ်ခြားတစ်ယောက်က အလိမ်အညာတွေကို လာဖော်နိုင်ပါတယ်တဲ့..

သတိထားမိလားတော့ မသိ.. ဒီဇာတ်လမ်းက စကားပုံတွေ တော်တော်သုံးထားတာနော်.. တစ်ပိုင်းကို စကားပုံတစ်ခု ထည့်ထားလားမသိ.. အိုက်ယား.. အိုက်ယား...)

ကျွန်တော်ငိုရမလား……

ကျွန်တော်ဖြေးညှင်းစွာနှင့် ကျွန်တော့်ပါးပြင်အား ကိုင်ကြည့်မိလေတော့ တစ်ကယ်ကို စိုစွတ်နေခဲ့လေသည်။

ကျွန်တော် မငိုရတာ ကြာနေခဲ့ပြီ။ ငယ်ငယ်ကတည်းကနေ ကြီးပြင်းလာတဲ့အထိ အမြဲတမ်း ပျော်ပျော်နေခဲ့သည်။  သေချာပေါက်တော့ အသက်ရှင်နေသေးတဲ့ ဘဝတစ်ချိုးတစ်ကွေ့မှာတော့ နည်းနည်းပါးပါးတော့ ငိုဖူးခဲ့တာပေါ့လေ။ ဒါပေမဲ့လည်း တစ်ခါမှ အခုလို အခြေအနေမျိုးနဲ့ တူညီနေခဲ့တာတော့ မရှိခဲ့ဘူးပါ။ ဝမ်းနည်းမှုက မြင့်တတ်လာခဲ့ပြီး ဘာကိုမှ မမြင်နိုင်ခဲ့တော့ပါချေ။

ကျီချင်းက ရုတ်တရပ် ကျွန်တော့်လက်ကိုကိုင်ပြီး ပြောလာခဲ့သည်:“မငိုပါနဲ့၊ ကျိအန်း”

他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်Where stories live. Discover now