ကျီချင်းက ဒီနေရာမှာနေခဲ့ဖူးတဲ့ အဲ့ဒီ့လူအကြောင်းကို ကျွန်တော့်ကို မေးရသည်ကို အလွန်ပင် သဘောကျသည်။ သူက ကျွန်တော့်ကို အာရုံစိုက်ကြည့်ဖို့ ငြင်းဆန်လေ့ရှိပေမဲ့လည်း အဲ့ဒီလူအကြောင်းအရာအားလုံးကိုတော့ ကိုတော့ သိချင်နေခဲ့ပါသည်။
“သူဘယ်တော့ပြန်လာမှာလဲ?”
ကျီချင်းက အဲ့ဒီမေးခွန်းကိုတော့ အရမ်းပင် မေးလေ့ရှိသည်။
ကျွန်တော် အမှန်တရားကို ပြောခဲ့သည်:“သူပြန်မလာနိုင်လောက်တော့ဘူး”
အဲ့ဒီလူသည် ကျွန်တော်၏ ခန္ဓာကိုယ်ထဲတွင် အချိန်တိုတိုလေးမျှသာ နေထိုင်ခဲ့ပြီး သူသည် ဤမျှကျော်ကြားလိမ့်မည်ဟု ကျွန်တော် မမျှော်လင့်ခဲ့ပါချေ။ အခုအချိန်အထိ ကျွန်တော်သည် *ချိုးဌက်ကသပိတ်ဌက်လေး၏အသိုက်ကို သိမ်းပိုက်ထားသကဲ့သို့ ဖြစ်နေသည်။
(*ချိုးဌက်က သပိတ်ဌက်၏ အသိုက်ကို သိမ်းပိုက်ထားတာက .. သိုးယောင်ဆောင်ထားတဲ့ ဝံပုလွေလို စကားပုံမျိုးပါပဲ)ကျီချင်းက တိတ်ဆိတ်သွားပြန်၏။ ကျွန်တော်က အနားတိုးကပ်သွားလိုက်ပြီး အကြောင်းအရာတစ်ခုကို ပြောင်းမေးလိုက်သည်:“အခုဇာတ်ကားအသစ်ပြနေတယ်၊ ငါကြည့်ရသလောက် reviewတော်တော်ကောင်းတယ်၊ သွားကြည့်ကြမလား?”
သူက သားရဲတစ်ကောင်ကို တွေ့မြင်လိုက်ရသကဲ့သို့ မကြည့်နိုင်အောင်ပဲ အထိတ်တလန့်နှင့် နောက်ပြန်ဆုတ်လျှက် အခန်းထဲသို့ ဝင်သွားတော့လေသည်။
ကျွန်တော်နှုတ်ခမ်းကိုက်ကာ ငုံ့လိုက်မိလေ၏။ သူတစ်ကယ်ကို စိတ်ပျက်သွားပြီထင်ပါရဲ့။
အဲ့ဒီကျီအန်းသည် ကျွန်တော်၏ခန္ဓာကိုယ်ထဲတွင် နှစ်နှစ်သာ နေထိုင်ခဲ့သည်။ ဘာအတွေ့အကြုံမှ မသိခဲ့ရတာကို ကျွန်တော်အရမ်းကို ကြောက်မိသည်။ မဟုတ်ရင် အဲဒီလူကို နည်းနည်းဖြစ်ဖြစ် အတုယူချင်ပါသည်၊ ဒါဆိုရင် ကျွန်တော်နှင့် အဲ့ဒီလူကြားက ကွာခြားချက်က သိပ်ကြီးမားမှာ မဟုတ်။ မကြာခင်အချိန်မှာပဲ လူတွေက ကွာခြားတာကို သတိထားမိမှာ မဟုတ်တော့ပေ။
ကျွန်တော် အလုပ်ပြောင်းခဲ့သည်။ သည်နှစ်နှစ်အတွင်းမှာပဲ အတုယောင်ကျီအန်းက စတူဒီယို ဆရာအဖြစ် လုပ်ကိုင်နေခဲ့သည်။ ကျွန်တော်က ပန်းချီအကြောင်း ဘာမှမသိခဲ့တော့ အလုပ်ကထွက်ပြီး ပရိုဂရမ်မာတစ်ယောက်အနေနဲ့ အလုပ်လျှောက်ခဲ့သည်။ ကံကောင်းထောက်မစွာ၊ ကျွန်တော်ရဲ့ ဒီပလိုမာကကျွန်တော့်ရဲ့ မူပိုင်ဖြစ်နေဆဲဖြစ်တာကြောင့် အလုပ်ရှာရန်မှာ မခက်ခဲလှပေ။
YOU ARE READING
他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်
Short StoryTitle :His present Author :又蓝 「youlan」 #OE 「Open Ending」