Ep5

63 6 0
                                    

ဒီနေ့က နေသာသော နေ့တစ်နေ့ပင်။
ကျွန်တော် ခဏတာ စိတ်ရှုတ်သွားမိပြီး ကျွန်တော် ပြန်လာခဲ့ခြင်းသည် အဓိပ္ပါယ်မရှိတော့သကဲ့သို့ တဖြေးဖြေးနှင့် တွေးမိလာတော့၏။

ကျွန်တော် သေမင်းနှင့် စကားပြောခဲ့ရသည်။

ကျွန်တော့ဘဝမှာ အချစ်ကို အများကြီး သုံးခဲ့ဖူး၏။ ကျွန်တော့်ရှိသမျှ အရာရာအားလုံး၊ ကျွန်တော့်ရဲ့ အကောင်းဆုံး သူငယ်ချင်းတွေ၊ ကျွန်တော့်မိဘ၊ ကျွန်တော် တက္ကသိုလ်စတတ်ကတည်းက ကျိချင်းကို ပဲ အချိန်အကြာပြီး တစ်ဖက်သတ်သဘောကျခဲ့ရသည့်အထိ။

ကျိချင်းတို့ရဲ့ တက္ကသိုလ် ပါတီပွဲမှာ ကျွန်တော်တို့ နမ်းခဲ့ကြ၏။

နမ်းပြီးနောက်မှာ ဂိမ်းကစားဖို့ရာ ရည်ရွယ်ချက်မရှိတော့ဘဲ ရှက်ရွံ့စွာပင် ဟန်ဆောင်လိုက်ရင်း (gameကစားနေရာမှ) ထွက်ချင်သည်ဟု ပြောခဲ့၏။ တကယ်တော့ နှလုံးခုန်သံက လက်ရှိ ရှိနေသည် ဆူညံသံအားလုံးကို ဝါးမျိုသွားသကဲ့သို့ ကျွန်တော့်စိတ်နှလုံးသားက တခြားအရာတို့နှင့် လိုက်လျောညီထွေမဖြစ်တော့ပေ။

ကျိချင်းကလည်း ထွက်ချင်သည်ဟု ပြောလာလေသည်။ သူကျွန်တော့်ကို မကြည့်ပေ။ ကျွန်တော် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် ဝိုင်တစ်ခွက်ကို မော့ချလိုက်သည်။

ကျွန်တော် တိတ်တဆိတ်လေးနှင့် ချည်းကပ်သွားလိုက်ပြီး ရှက်ရှက်နှင့်ပဲ wechat(acc)ကို မေးလိုက်လေ၏။

ကျိချင်းက ဘာစကားမှမပြောပါ။ သူက ကျွန်တော့်ကို အတွေးများပြည့်နေသည့် အကြည့်နှင့် ကြည့်လာခဲ့ပြီး  ဂရုတစိုက်နှင့်လည်း လေးလေးနက်နက်တွေးနေပုံရနေသည်။ ကျွန်တော့်ကို စေ့စေ့စပ်စပ်ကြည့်လာသည့်အတွက် ကျွန်တော် စိတ်ပျက်လက်ပျက်နှင့် ထင်လိုက်မိတာက သူငြင်းတော့မည်ဟု။ သူက သူ့ဖုန်းကိုဖွင့်လိုက်ပြီး ကျွန်တော့်ကို သူ့ကို(wechat)အပ်ချင်တာလားဟု မေးခဲ့သည်။ 

ကျွန်တော် ဝမ်းသာအားရဖြစ်သွားပြီး တတ်နိုင်သမျှ အပြုံးဆုံးဖြစ်အောင် ပြုံးလိုက်လေ၏။

ခရီးရှည်အစရဲ့ချီတက်မှု ပထမခြေလှမ်းကို ကျွန်တော်လုပ်နိုင်ခဲ့လေပြီ။

他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်Where stories live. Discover now