Ep4

48 4 0
                                    


ကျိချင်းက ကျွန်တော့်ကို အရင်က အတုယောင် ကျယ်အန်းပြန်လာနိုင်အုန်းမလားလို့ ထပ်ပြီး မေးလာခဲ့ပြန်၏။

ကျွန်တော် တစ်ကယ့်ကို အဲ့ဒီ့ရက်တွေအတွင်းမှာ ပင်ပန်းနေခဲ့ပါသည်။ ဘယ်သူနဲ့မှကို ပြောဆိုဆက်ဆံခြင်းမပြုချင်ခဲ့ပါ။ သူက ထပ်ရောက်လာပြီး ကျွန်တော့်ကို အဲ့ဒီ့မေးခွန်းကို မေးခဲ့ပြန်လေသည်။

အကူညီမဲ့စွာနှင့် သူ့ကို ကျွန်တော်ပြောပြခဲ့သည်:“မင်းသိရဲ့လား၊ တစ်ကယ်တော့ ငါက အစကတည်းက ကျယ်အန်းပဲ ၊ အဲ့ဒီ့အတုယောင် ကျယ်အန်းကသာ အစကတည်းက အပြင်လူသာသာပဲ”

ကျိချင်းက အဲ့တာကို ကြားပြီးနောက် ဒေါသထွက်သွားပုံပေါ်ပေမဲ့ ပြန်တည်ငြိမ်သွားပြန်၏။

“ဒါဆို သူက ပြန်လာနိုင်အုန်းမှာလား ?”

သူက အရှုံးမပေးချင်သည့် ပုံစံနှင့် ပြောလာသည်။

“ဥပမာပြောရရင် သူကသာ စစ်မှန်တယ်ဆိုရင် တစ်ခြားတစ်ယောက်အနေနဲ့ ပြန်လာလိမ့်မယ်၊ ကျွန်တော်သဘောကျတဲ့သူက အဲ့ဒီလူဖြစ်နေရင် သူ့နေရာကိုတောင် ရောက်လာခဲ့မှာမဟုတ်ဘူး”

(*အခုshouက အစစ်ပါ၊ ဒါပေမဲ့ gongက အတုထင်ပြီး ဟိုကျစ်အန်းဘယ်တော့ပြန်လာမှာလဲဆိုပြီး တောက်လျှောက်မေးနေတာလေ၊ shou ပြန်ဖြေတာက တစ်ကယ်လို့ သူသာ တစ်ကယ်သဘောကျတာဆိုရင် ပြန်ကိုပြန်လာလိမ့်မယ်၊ ကြားလူဝင်လာလို့တောင် မရဘူးလို့ ပြောလိုက်တာပါ..)

ကျွန်တော်သဘောကျတဲ့ အဲ့ဒီလူသာဖြစ်နေရင်ပေါ့။

ကျွန်တော် ဘဝင်မကျ ဖြစ်သွားခဲ့ရသည်။ ကျွန်တော် အဲ့ဒီ ကျယ်အန်းကို မုန်းလိုက်တာ။

ကျွန်တော် ခဏနေတော့ ပြောလိုက်၏:“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
(*gong စိတ်ချမ်းသာအောင် ပြောပေးလိုက်တာပါ)

ဒီစကားလုံးလေးလုံးက ကျွန်တော့်အတွက် အများကြီး အားထုတ်ထားရ၏။ ကျွန်တော် ကျိချင်းရှေ့ ငြိမ်ငြိမ်သက်သက်လေး ရပ်နေဖို့ရာ မဟန်ဆောင်နိုင်တော့သလို ခံစားလိုက်ရသဖြင့် အခန်းထဲသို့ အမြန်လျှောက်သွားပြီး တံခါးကိုပိတ်လိုက်ရလေသည်။

他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်Where stories live. Discover now