Ep3

49 5 0
                                    


ဖုရှန်းနှင့် လမ်းခွဲပြီးနောက် အရမ်းကိုပင် စိတ်ပင်ပန်းလွန်းနေသလိုပင် ကျွန်တော်ခံစားလိုက်ရ၏။ ဟိုးအရင်တုန်းက ကျွန်တော့်ဘဝသည် နေ့တိုင်းနီးပါး ပျော်ရွှင်ရပြီး အရမ်းကိုပင် ရိုးရှင်းသည်ဟု ခံစားရသည်။ ဖုရှန်းပြောခဲ့သည့် စကားများတွင် နေ့ရက်တိုင်း ပျော်ရွှင်နေသည့်ပုံစံက အရူးတစ်ယောက်နှင့် တူညီနေသလိုပင်။

ဒါပေမဲ့လည်း ကျွန်တော်ရောက်လာသည့် နောက်ပိုင်းကစပြီး၊ ကျွန်တော် မပျော်ရွှင်ရတော့ပါ။

ကျွန်တော် ကျီချင်းကို အရမ်းကို သဘောကျပါသည်။ကျီချင်း၏ မျက်နှာပေါ်တွင် "ကျွန်တော့်ကို မကြိုဆိုပါ" ဆိုသည့် စာလုံးလေးလုံးကို ရေးဆွဲထားသကဲ့သို့ပင်။ ကျွန်တော့်ရဲ့အကောင်းဆုံးသူငယ်ချင်းဖုရှန်းကို တွေ့လိုက်ရသည့်အခါမှာလည်း ရလာဒ်အားဖြင့် *မိသားစုဝင်များက အဲ့ဒီ့အတုယောင် ကျီအန်းကိုသာ သဘောကျကြလေသည်။

(*ကျီအန်းက gongနဲ့ သူငယ်ချင်းဖုရှန်းကို မိသားစုလို့ သုံးထားတာပါ)

ကျွန်တော့်မှာ ဘယ်သူတွေရှိနေကျန်နေသေးလဲ?အော၊ ကျွန်တော်ရဲ့မိဘတွေ……

ကျွန်တော် နည်းနည်းလေးတော့ ဝမ်းသာမိ၏။ ဒီရက်ပိုင်းအတွင်း မိဘတွေနဲ့ WeChat နဲ့ ဖုန်းမှာစကားနည်းနည်းပါးပါးလောက်သာ ပြောထားခဲ့ကြပေမယ့် အားနည်းချက် တစ်စုံတစ်ရာလေးတောင် ထုတ်ပြောထားခြင်းတော့ မရှိခဲ့ပါ။

(*wechatနဲ့ဖုန်းမှာ ဆိုတာက အတုယောင်ကျီအန်းနဲ့ သူ့မိဘတွေ wechatကနေစာပို့ပြီးစကားပြောထားကြတာနဲ့ ဖုန်းနဲ့ စကားပြောထားကြတာပါ.. wechatနဲ့ဖုန်းဆိုပြီးရောရေးထားလို့ အတူတူထင်နေမှာဆိုးလို့)

သူတို့က ကျွန်တော့်ကို မွေးပြီး ကြီးပြင်းလာစေတဲ့ သူတွေမို့ သူတို့လည်း ကျွန်တော့်ကို သဘောမကျတာတွေတော့ မဖြစ်နိုင်လောက်ပါဘူးနော်?

ပန်း၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ချက်ချင်းဝယ်ပြီး မွေးရပ်မြေကို အပြေးအလွှား သွားလိုက်သည်။ မားက တံခါးဖွင့်ပေး၏။ မားကို မတွေ့ရတာ နှစ်နှစ်လောက်ရှိနေပြီ။ မားကိုမြင်လိုက်သည်နှင့်မျက်ရည်တွေကျလာခဲ့ပြီး ငိုချင်နေသည့်အသံနှင့်ခေါ်လိုက်၏:“မား!”

他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်Tahanan ng mga kuwento. Tumuklas ngayon