အချစ်ကလဲ့စား(part6)

139 13 0
                                    

အ၀တ်စားဆိုင်ကိုရောက်တော့ငှက်ခါးကိုယ်တိုင်တိမ်စိူင်နဲ့လိုက်ဖက်မယ့်ယောကျာ်တီရှပ်နဲ့ဘောင်းဘီကို၀ယ်ပေးလိုက်လေသည်။

ငှက်ခါး - ''ရော့ဒါလေးသွားလဲလိုက်...''

တိမ်စိုင် - ''ဟူး...ပေး...''

တိမ်စိုင်ငှက်ခါးရွေးပေးထားသောအ၀တ်စားများကိုသွားလဲလိုက်လေသည်။

တိမ်စိုင် - ''ငှက်ခါးငါ၀တ်ပြီးပြီး..''

ငှက်ခါး - ''wow!!!ငါ့ကောင်လေးအရမ်းမိမိုက်နေတာဘဲ...နင်နဲ့လိုက်တယ်...အမရေအဲလိုတီရှပ်၅ထည်လောက်ထပ်ပေးပါအုန်းပြီးတော့ဘောင်းဘီရောဘဲ..အတွဲလိုက်ပေးနော်..''

''ကောင်းပြီးညီမလေးအမအရောင်ကောင်းကောင်းတွေရွေးပေးလိုက်မယ်နော်..''

ငှက်ခါး - ''ဟုတ်ကဲ့အမ...တိမ်စိုင်ခနလေးစောင့်နော်..''

တိမ်စိူင် - ''နင်ငါ့အတွက်၀ယ်ပေးနေတာမများလွန်းဘူးလားငှက်ခါးငါဒါတွေမလိုအပ်ဘူး..''

ငှက်ခါး - ''နင်အခုမလိုအပ်ဘူးဆိုပေမယ့်တစ်ချိန်ချိန်မှာလိုအပ်လာမှာဘဲဟာ..''

ငှက်ခါးဆိုင်ရှင်အမကိုပိုက်ဆံရှင်းပေးကာတိမ်စိုင်လက်ကိုဆွဲပြီးနောက်တစ်ဆိုင်သို့၀င်သွားလေသည်။

တိမ်စိူင် - ''ဟမပြီးသေးဘူးလားငါအလုပ်နောက်ကျနေပြီး..နင်၀ယ်ချင်ရင်နက်ဖြန်မှ၀ယ်တော့ဟာ..''

ငှက်ခါး - ''နင်ကလည်းငါ့နင့်သူဌေးကိုသစ်လွင်ကိုကူပြောပေးပါ့မယ်စိတ်မပူနဲ့အခုနင်ဒီဖိနပ်စီးကြည့်ပါအုန်းနင်နဲ့တော်ရဲ့လား...''

ငှက်ခါးယူလာပေးသောsneakerဖိနပ်အနက်ကိုတိမ်စိုင်စီးလိုက်လေသည်။

ငှက်ခါး - ''နင်နဲ့တော်လားတိမ်စိုင်..ကြပ်နေရင်းငါတခြားဆိုဒ်ရွေးပေးမယ်..''

တိမ်စိုင် - ''အင်းအဆင်ပြေတယ်..ဒီဖိနပ်ဆိုဒ်ဘယ်လောက်လဲ..''

ငှက်ခါး - ''၄၄တိမ်စိုင်..နင်အဆင်ပြေတယ်ဆိုရင်ကျန်တဲ့ဖိနပ်တွေကိုလိုက်ကြည့်ကြ်ည့်လေနင်ကြိုက်တယ်ဆိုငါ၀ယ်ပေးချင်လို့...''

တိမ်စိုင် - ''ရပြီးဒီတစ်ခုဘဲယူတော့မယ်..ဒါပြီးရင်ငါအလုပ်သွားတော့မယ်...နင်လည်းတခြားဆိုင်၀င်ဖို့မစဥ်းစားနဲ့..''

အချစ်ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း(အခ်စ္ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း)Where stories live. Discover now