အချစ်ကလဲ့စား(part9)

176 16 0
                                    

ငှက်ခါးမှာတိမ်စိုင့်ကိုယ်ပေါ်သို့အရှိန်နဲ့ကျလာတာကြောင့်တိမ်စိုင်တစ်ယောက်လက်လှမ်းမှီရာကိုဖမ်းဆွဲလိုက်လေသည်။

သို့သော်ရင်ဘတ်တော့အောင့်သွားရသည်။အားကြီးနဲ့ရင်ဘတ်ကိုတံတောင်နဲ့ဖိချတာကြောင့်ပင်...

တိမ်စိုင် - ''နင်ကလည်းဟာဖိချရင်လည်းတဆုံးဘဲအရိုးကြီးဘဲရှိတဲ့တံတောင်နဲ့ငါ့ရင်ဘတ်ကိုလာဖိတာနာတယ်ဟဖယ်စမ်း..''

ငှက်ခါးတိမ်စိုင်ကိုယ်ပေါ်ကဆင်းလိုက်ရင်း''အံမယ်နင်ကဘဲပြောရတယ်ရှိသေးအခုကနင်ဘက်ကအရင်ငါ့ကိုဆွဲချတာနော်...''

တိမ်စိုင် - ''နင်ကဘာလို့ဟို၂ကောင်ကိုမရီးလို့သွားပြောတာလဲ..''

ငှက်ခါး - ''ဘာလို့ဆိုတော့နင်နဲ့ငါနဲ့မကြာခင်ယူကြတော့မှာဘဲဟာ..အဲလိုအပြီးပြောလိုက်တာပိုပြီးတော့အဆင်ပြေသွားတာပေါ့..''

တိမ်စိူင် - ''ငါနင့်ကိုယူမယ်လို့မပြောမိပါဘူးနော်..ငှက်ခါးနင့်ဘာသာလိုက်တွေးနေပြီးတော့...တော်ပြီးညနက်နေပြီးအိပ်တာဘဲကောင်းတယ်...''

တိမ်စိုင်ထသွားဖို့လူပ်တော့ငှက်ခါးကပေးမသွားဘဲလက်ကိုဆွဲထားကာ''ငါ့ကိုချီသွားပေးပါလားတိမ်စိုင်..''

တိမ်စိုင် - ''နင်ကလေးလားငါချီပေးရအောင်..မချီဘူးဟာ..''

ငှက်ခါး - ''မရဘူးနင်မချီရင်ငါအော်ငို..''

တိမ်စိုင် - ''တော်တော့!!!တိတ်နင့်ကိုချီပေးရပြီးမလားလာငါ့ကျောပေါ်တက်..''

ငှက်ခါး - ''အဲလိုမဟုတ်ဘူးလေး..နင့်လက်လေးနဲ့ငါ့ကိုချီသယ်ပေးပါလားလို့''

တိမ်စိုင် - ''နင်ဟာ..ပြသာနာအမြဲတမ်းရှာနေတော့တာဘဲ..ပြီးရောဟာလာခဲ့..''

ဆက်ကနဲ့ပွေ့ချီလိုက်တာကြောင့်ငှက်ခါးမှာကြောက်လန့်တကြားဖြစ်ကာတိမ်စိုင့်လည်ပင်းကိုသိုင်းဖက်လိုက်လေသည်။

ငှက်ခါး - ''ချီမယ်ဆိုလည်းပြောပါလား..တကယ်တည်းလန့်သွားတာဘဲ..''

တိမ်စိုင်ဘာမှမပြောတော့ဘဲသူမကိုအိမ်ထဲသို့ချီသယ်သွားလေသည်။

အချစ်ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း(အခ်စ္ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း)Onde histórias criam vida. Descubra agora