အချစ်ကလဲ့စား(part29)

149 14 0
                                    

တိမ်စိုင် - ''ကိုတောင်းပန်ပါတယ်ရွှေဘုံ..''

ရွှေဘုံ - ''ရှင်အခုသားလေးနဲ့တွေ့ခွင့်ရပြီးပြီးဘဲရှင်ဒီလောက်နဲ့ကျေနပ်လိုက်ပါတော့...တို့နဲ့သားလေးဘ၀ကိုတော့ထပ်ပြီးဒုက္ခမရောက်စေချင်ဘူး..''

တိမ်စိူင် - ''မလုပ်ပါနဲ့ငါတောင်းပန်ပါတယ်ရွှေဘုံ..မင်းနဲ့သားလေးကိုတော့ငါစောင့်ရှောက်ပေးပါရစေ...''

ရွှေဘုံ - ''အရင်ကပြောခဲ့ရင်တော့တို့လက်ခံလိမ့်မယ်အခုတော့တို့မင်းကိုအရမ်းနာကျည်းတယ်..တို့အချစ်ကိုမမြင်ခဲ့တဲ့မင်းကိုနားကျည်းမိတယ်စိုင်...မင်းထွက်သွားပါတော့...''

တိမ်စိူင် - ''မင်းကို့ကိုမုန်းမယ်ဆိုလည်းမုန်းပါ..ဒါပေမယ့်သားလေးကိုတော့ကို့ထက်ပိုချစ်ပေးပါနော်ရွှေဘုံ...မင်းစိတ်ကြည်မှဘဲကိုတို့စကားပြောကြတာပေါ့ကိုသွားပြီး...သားလေးဖေဖေသွားပြီးနော်..''

တိမ်စိုင်သားလေးကိုမွှေးကြူရင်းရွှေဘုံလက်ထဲထည့်ပေးကာအခန်းထဲမှထွက်သွားလေသည်။

တိမ်စိုင်ထွက်သွားတော့မှရွှေဘုံထိန်းထားသမျှမျက်ရည်တို့ကျဆင်းလာခဲ့လေသည်။

''မာမီတောင်းပန်ပါတယ်သားလေးရယ်သားလေးကိုတော့မယားငယ်ရဲ့သားလင်ခိုးမသားဆိုပြီးမာမီအဖြစ်မခံနိုင်ဘူး..မာမီတစ်ချိန်ကရူးမိုက်ခဲ့တာတွေကြောင့်မာမီသားလေးအဖေရှိပေမယ့်အဖေခေါ်ခွင့်မရတဲ့ဘ၀ကိုရောက်ရတော့မယ်...မာမီအပြစ်တွေပါကွယ်..မာမီမကောင်းခဲ့လို့ပါ...အင့်ဟင့်..ဟင့်..ဟင့်...''

တိမ်စိုင်အလုပ်ကပြန်လာကတည်းကစိတ်မကြည်ပေ။ငှက်ခါးကိုထိုအကြောင်းပြောပြရင်လည်းငှက်ခါးဘဲစိတ်ဆင်းရဲရမည်..

ငှက်ခါး - ''ကိုဘာဖြစ်နေတာလဲငှက်ခါးကိုပြောလေ''

တိမ်စိူင်ငှက်ခါးခေါ်တာမကြားဘဲတစ်ခုခုကိုတွေးနေလေသည်။နောက်ဆုံးဖြတ်ချက်တစ်ခုချကာ...

တိမ်စိုင် - ''မိန်းမကိုအပြင်ခနသွားအုန်းမယ်...''

ငှက်ခါး - ''ကိုထမင်းမစားဘူးလား..''

တိမ်စိူင် - ''မစားတော့ဘူးမိန်းမကိုသွားစရာရှိလို့..''ပြောကာဆိုင်ကယ်ယူပြီးရွှေဘုံအိမ်သို့ထွက်လာခဲ့သည်သို့သော်အိမ်လိပ်စာမသိတာကြောင့်မမလေးကိုအကူအညီတောင်းပြီးသူမအိမ်လိပ်စာကိုတောင်းလိုက်လေသည်။

အချစ်ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း(အခ်စ္ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း)Where stories live. Discover now