အချစ်ကလဲ့စား(part16)

137 15 0
                                    

သားလေးကိုဆိုင်ကယ်နဲ့ကျူရှင်ကိုသွားပို့ပေးလေသည်။

ကျူရှင်ရောက်တော့တိမ်စိုင်သားလေးကိုဆိုင်ကယ်ပေါ်ကနေပွေ့ချီပြီးကျူရှင်ထဲ၀င်လာခဲ့လေသည်။

မြသွေး - ''သားတိမ်တိုက်..ဟယ်တိမ်စိုင်နင်မဟုတ်လားနင်ထောင်ကလွတ်လာပြီးငါအရမ်း၀မ်းသာလိုက်တာဟာ..''

တိမ်စိူင် -''အေးဟမနေ့ကဘဲလွတ်လာတာဒီနေ့သားလေးကိုကျောင်းကြိုကျောင်းပို့လုပ်ပေးနေတာ..နင်ငါ့သားကိုစာသင်ပေးတယ်ကြားလို့ငါကျူရှင်လာပို့တာပါဟာ...နင့်ရည်မှန်းချက်ပန်းတိုင်ကိုတက်လှမ်းနိုင်ခဲ့တာကောင်းပါတယ်...''

မြသွေး - ''နင်အခုဘာလုပ်နေလဲတိမ်စိုင်နင်အလုပ်မရှိရင်ငါ့ကိုပြောနော်ငါနင့်အတွက်အလုပ်ရှာပေးမယ်.''

တိမ်စိုင် - ''ရှိပါတယ်ဗျာကိုသစ်လွင်ဆီမှာဘဲအလုပ်ပြန်လုပ်မယ်လေ...သားအထဲ၀င်တော့နော်...ဖေဖေဆရာမစကားခနပြောလိုက်အုန်းမယ်...''

တိမ်တိုက် - ''ဟုတ်ကဲ့ဖေဖေ...''

မြသွေး - ''တိမ်တိုက်မင်းကနင်နဲ့သိပ်တူတာဘဲနော်တိမ်စိုင်...ငှက်ခါးတိမ်တိုက်လေးကိုမွေးတုန်းကမနည်းအားယူပြီးမွေးထုတ်ရတာ..''

တိမ်စိူင် - ''ငါ့မိန်းမသားလေးကိုမွေးတုန်ကနင်လည်းရှိနေတာလား..''

မြသွေး - ''ငါဘဲငှက်ခါးကိုဆေးရုံလိုက်ပို့ပေးတာလေ..ငှက်ခါးဗိုက်နာတဲ့အချိန်ကနေ့လည်ကြီးလေပြီးတော့နင့်အိမ်မှာနင့်ညီတွေလည်းမရှိဘူးအဒေါ်တစ်ယောက်ထဲလေ.အဲဒါနဲ့ငါဘဲဆေးရုံကားကိုဖုန်းလှမ်းဆက်ပြီးအကူညီတောင်းလိုက်တာ..''

တိမ်စိုင် - ''ကျေးဇူးပါဘဲဟာငါမရှိချိန်းငါ့မိန်းမကိုကူညီပေးလို့နင့်ကိုတကယ်ကျေးဇူးတင်ပါတယ်မြသွေးရယ်..''

မြသွေး - ''မလိုပါဘူးငါတိူ့ကသူငယ်ချင်းတွေဘဲလေ...နင်သာငါ့ကိုတကယ်ကျေးဇူးတင်တယ်ဆိုရင်ငှက်ခါးကိုအရင်ကထက်ပိုချစ်ပေးနော်...''

တိမ်စိုင် - ''ငါသူ့ကိုအရင်ကတည်းကချစ်နေတာပါဟာနင်မပြောလည်းငါသူ့ကိုဒီထက်မကပိုချစ်မှာ...''

အချစ်ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း(အခ်စ္ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း)Wo Geschichten leben. Entdecke jetzt